A d v e r t i s e m e n t With Us

ဘာကလေဟာ ပြီးပြည့်စုံသည့် ကစားသမားဖြစ်ကြောင်း အဲဗာတန်နည်းပြ ပြော

ဘာကလေဟာ ကြံ့ခိုင်မှု၊ လျင်မြန်မှု၊ သန်မာမှုနဲ့ နည်းစနစ် ကျွမ်းကျင်မှုတို့နဲ့ ပြည့်စုံနေတဲ့ ကစားသမား ဖြစ်တယ်လို့နည်းပြ ကွန်တီက ပြောကြားလိုက်ပါတယ်။ အဲဗာတန်အသင်းရဲ့ အသက် ၂၄ နှစ်အရွယ်ရှိ ကွင်းလယ်ကစားသမား ရောစ့်ဘာကလေကို ချဲလ်ဆီးအသင်းဟာ ပေါင် ၁၅ သန်းနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပြီး ကျောနံပါတ် ၈ ကို ဝတ်ဆင်ကစားစေမှာလည်း ဖြစ်ပါတယ်။ ဘာကလေဟာ ချဲလ်ဆီးအသင်းနဲ့ ငါးနှစ်ခွဲစာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပြီး တပတ်လုပ်ခ ပေါင် ၁ သိန်းခွဲရရှိမှာလည်း ဖြစ်ပါတယ်။ ဘာကလေဟာ အဲဗာတန်အသင်းမှာ ၈ နှစ်ကြာကစားခဲ့သူဖြစ်ပြီးတော့ ပွဲပေါင်း ၁၇၀ ကျော်ကစားခဲ့သူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ချဲလ်ဆီးအသင်းဟာ ဝက်စ်ဟမ်းအသင်းရဲ့ တိုက်စစ်မှူး အန်ဒီကာရိုးလ်ကိုလည်း ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up