Home
ဆောင်းပါး
ဆေးစာမလိုသော ဆေးလေးတွေနဲ့ ဝက်ခြံကုကြမယ်
DVB
·
January 6, 2018
ဝက်ခြံဟာလူပျိုဖော်၊အပျိုဖော်ဝင်စအရွယ်မှာအဖြစ်များဆုံးအရေပြားပြဿနာဖြစ်ပြီးလူလတ်ပိုင်းအရွယ်လောက်ထိဆက်လက်ဖြစ်ပွါးနိုင်ပါတယ်။သင့်မှာဝက်ခြံပေါက်နေလို့စိတ်ညစ်နေပါသလား။သင့်အနေနဲ့ဝက်ခြံကုသနည်းမျိုးစုံကိုလှည့်ပတ်စဉ်းစားပေမယ့်သူတို့ဟာအကျိုးရှိမရှိဒါမှမဟုတ်စိတ်ချရမှုရှိမရှိကိုဒွိဟများနေပါသလား။ဒါဆိုရင်အောက်ဖော်ပြပါအလွယ်တကူဝယ်ယူသုံးစွဲလို့ရတဲ့ဆေးလေးတွေကိုသုံးစွဲကြည့်လိုက်ပါ။သင့်အတွက်အကျိုးရှိပါလိမ့်မယ်။

OTC (ဆေးစာမလိုသောဆေး)ဆိုတာဘာလဲ။

OTC ဆေးတွေဆိုတာဆရာဝန်ဆီကဆေးစာမလိုဘဲအလွယ်တကူဝယ်ယူသုံးစွဲနိုင်တဲ့ဆေးတွေကိုဆိုလိုပါတယ်။ဝက်ခြံပေါက်နေသူအများစုဟာ OTC ဆေးတွေကိုသုံးစွဲဖို့ရွေးချယ်လေ့ရှိကြပါတယ်။အဆိုပါဆေးတွေဟာထိရောက်လွယ်ကူအကျိုးရှိတဲ့အပြင်ဆရာဝန်ဆေးစာလိုတဲ့ဆေးတွေနဲ့ယှဉ်ရင်ဈေးလည်းပိုသက်သာပါတယ်။ဒါ့အပြင်အရေပြားဆရာဝန်နဲ့မပြနိုင်သူတွေအတွက်လည်းသင့်တော်ပါတယ်။ပါဝင်ပစ္စည်းတွေပေါ်မူတည်ပြီး OTC ဆေးတွေကိုဝက်ခြံကုသရာမှာအနည်းဆုံးရည်ရွယ်ချက်တခုအတွက်အသုံးပြုကြပါတယ်။

OTC ဆေးနဲ့ကုသမှုအမျိုးအစားများ

အဓိကအမျိုးအစားငါးမျိုးရှိပါတယ်။သူတို့တွေကတော့မျက်နှာကိုဆေးကြောသန့်စင်ပေးတဲ့လိုးရှင်းတွေ၊မျက်နှာအရေပြားပေါ်မှာကြာရှည်ရှိနေမယ့်ပစ္စည်းတွေ၊လိမ်းဆေးမဟုတ်တဲ့ပစ္စည်းတွေကိုအသုံးပြုရတဲ့ကုသမှုတွေ၊မရှိမဖြစ်လိုအပ်တဲ့အဆီတွေ၊ဗီတာမင်နဲ့သတ္တုဓာတ်တွေပဲ ဖြစ်ကြပါတယ်။ မျက်နှာကိုဆေးကြောသန့်စင်ပေးတဲ့လိုးရှင်းတွေ၊မျက်နှာအရေပြားပေါ်မှာကြာရှည်ရှိနေမယ့်ပစ္စည်းတွေ သူတို့နှစ်မျိုးကပါဝင်ပစ္စည်းတွေအတော်လေးဆင်တူတဲ့အတွက်ပူးတွဲဖော်ပြလိုက်ပါတယ်။ ဒီပစ္စည်းအမျိုးအစားတွေဟာတကိုယ်ရည်ကျန်းမာရေးနဲ့အလှအပထိန်းသိမ်းရေးမှာအတော်ပဲအကျိုးများစေတဲ့ပစ္စည်းတွေ ဖြစ်ပါတယ်။သူတို့ဟာသင့်အရေပြားပေါ်ကအညစ်အကြေးတွေ၊ဆဲလ်အသေတွေ၊ဘက်တီးရီးယားတွေနဲ့မလိုလားအပ်တဲ့အဆီတွေကိုဖယ်ရှားပစ်နိုင်တာမို့အရေပြားကိုနူးညံ့ချောမွေ့စေပါတယ်။ မျက်နှာကိုဆေးကြောသန့်စင်ပေးတဲ့လိုးရှင်းတွေနဲ့မျက်နှာအရေပြားပေါ်မှာကြာရှည်ရှိနေမယ့်ပစ္စည်းတွေရဲ့ပါဝင်ပစ္စည်းတွေကိုအောက်မှာဖော်ပြထားပါတယ်။
  • ဆပ်ပြာအစစ် : ဆပ်ပြာအစစ်ကို alkali နဲ့ fatty acid တို့အသုံးပြုပြီး ပြုလုပ်ထားပြီးဆေးကြောသန့်စင်ဖို့အသုံးပြုလေ့ရှိပါတယ်။ဒါ့အပြင်ဆပ်ပြာအစစ်ကိုပုံမှန်အသုံးပြုပေးရင်သင့်အရေပြားအစိုဓာတ်ကိုထိန်းပေးနိုင်ပါတယ်။
  • အညစ်အကြေးတွေကိုဖယ်ရှားပေးနိုင်တဲ့ချွတ်ဆေး (detergent) တွေ : ဒီချွတ်ဆေးတွေမှာဖန်တီးပြုလုပ်ထားတဲ့ surfactants၊မြင့်မားတဲ့အပူချိန်ကိုအသုံးပြုပြီးအရည်ဖျော်ထားတဲ့ fatty acids၊estersနဲ့ဖယောင်းတို့ပါဝင်ပြီးဝက်ခြံလိမ်းဆေးတွေကြောင့် ဖြစ်ပေါ်လာတဲ့အရေပြားနီရဲရောင်ရမ်းမှုတွေကိုလျော့ကျသက်သာစေပါတယ်။
Benzoyl peroxide : Benzoyl peroxide ဟာအော်ဂဲနစ်အက်ဆစ်တမျိုးဖြစ်ပြီးဝက်ခြံပျောက်ဆေးအဖြစ်သုံးစွဲခဲ့ကြတာကာလအတော်ကြာပြီဖြစ်ပါတယ်။Benzoyl peroxide ကိုခန္ဓာကိုယ်ရဲ့နေရာအနှံ့အပြားမှာရည်ရွယ်ချက်အမျိုးမျိုးနဲ့အသုံးပြုနိုင်ပါတယ် (ဥပမာဆံပင်အရောင်ချွတ်ခြင်း၊သွားဖြူဖွေးအောင် ပြုလုပ်ခြင်း၊အရေပြားရောဂါကုသမှုများစသည်)။Benzoyl peroxide ဟာဝက်ခြံဖြစ်စေတဲ့ဘက်တီးရီးယားတွေကိုသတ်ပေးနိုင်သလိုအရေပြားပေါ်မှာရှိတဲ့ဆဲလ်အသေတွေနဲ့မလိုလားအပ်တဲ့အဆီပိုတွေကိုလည်းဖယ်ရှားပေးနိုင်ပါတယ် (ဆဲလ်အသေတွေနဲ့မလိုလားအပ်တဲ့အဆီပိုတွေဟာမွေးညင်းပေါက်တွေကိုပိတ်ဆို့စေတဲ့အတွက်ဝက်ခြံအလွယ်တကူ ဖြစ်စေပါတယ်)။Benzoyl peroxide နဲ့ပိုးသတ်ဆေးလိမ်းဆေးကိုတွဲဖက်အသုံးပြုမယ်ဆိုရင် P. acnes strains ဘက်တီးရီးယားပိုးကြောင့် ဖြစ်တဲ့ဝက်ခြံတွေကိုလျော့နည်းစေနိုင်ပါတယ် (ဒီဝက်ခြံတွေကိုပဋိဇီဝပိုးသတ်ဆေးမတိုးတဲ့ဝက်ခြံတွေလို့လည်းခေါ်လေ့ရှိပါတယ်)။ဝက်ခြံပျောက်ဆေးတွေမှာပါဝင်ရမယ့်အသင့်တော်ဆုံးသော Benzoyl peroxide အချိုးအဆကတော့၂.၅ရာခိုင်နှုန်းပဲ ဖြစ်ပါတယ်။
  • Hydroxy acids (ဟိုက်ဒရိုအက်ဆစ်စ်) : alpha နဲ့ beta hydroxyl acids ဆိုပြီးအမျိုးအစားနှစ်မျိုးရှိပါတယ်။Alpha hydroxy acids တွေဟာ (OTC ကုသမှုတွေမှာသုံးတဲ့အက်ဆစ်နှစ်မျိုးက glycolic acid နဲ့ lactic acid တို့ ဖြစ်ပါတယ်) အရေပြားဆဲလ်သေတွေကိုဖယ်ရှားပေးပြီးအမာရွတ်တွေကိုသက်သာပျောက်ကင်းစေကာနီရဲရောင်ရမ်းမှုကိုလျှော့ချပေးနိုင်တဲ့အတွက်အသားအရေလှပချောမွေ့စေပါတယ်။Beta hydroxy acids ကတော့ (salicylic acid တမျိုးတည်းကိုပဲသုံးလေ့ရှိပါတယ်) မွေးညင်းပေါက်တွေရဲ့အရွယ်အစားကိုသေးစေပြီးအရေပြားကိုပိုမိုလှပကောင်းမွန်စေပါတယ်။
Triclosan/ triclocarban : သူတို့ဟာဘက်တီးရီးယားတွေကိုသတ်ပစ်နိုင်တဲ့အတွက်ဝက်ခြံမပေါက်အောင်ကာကွယ်ပေးနိုင်ပါတယ်။ ဆေးမဟုတ်တဲ့ပစ္စည်းကိရိယာလေးတွေကိုအသုံးပြုရတဲ့ကုသမှုများ
  • ဂျီးချွတ်ပွတ်တိုက်ပေးနိုင်တဲ့ Scrubs များ : ဂျီးချွတ်ပွတ်တိုက်ခြင်းဟာသင့်အသားအရေကိုနူးညံ့ချောမွတ်နုပျိုစေပါတယ်။Scrubs မှာအများအားဖြင့်သစ်သီးအစေ့လေးတွေနဲ့ aluminum oxide တို့ပါဝင်လေ့ရှိပါတယ်။ဒါပေမယ့် Scrubs တွေဟာအရေပြားနီရဲရောင်ရမ်းမှုကို ဖြစ်ကောင်းဖြစ်စေနိုင်တာမို့ထိခိုက်လွယ်တဲ့အသားအရေပိုင်ရှင်တွေမှာတော့အသုံးမပြုသင့်ပါဘူး။
  • ကပ်ခွါများ : သူတို့ဟာသင့်အရေပြားပေါ်ကအညစ်အကြေးတွေ၊မလိုလားအပ်တဲ့အဆီတွေကိုဖယ်ရှားပေးနိုင်တာကြောင့်ဝက်ခြံကိုလျော့ပါးသက်သာစေပါတယ်။
ဘရပ်ရှ် : ဘရပ်ရှ်တွေဟာအတွင်းကျကျသန့်စင်ဆေးကြောပေးနိုင်သလိုမိတ်ကပ်တွေကိုလည်းဖယ်ရှားပေးနိုင်ပါတယ်။

မရှိမဖြစ်လိုအပ်တဲ့အဆီဓာတ်များ

လက်ဖက်ဆီလို့ခေါ်တဲ့ Tea tree oil ဟာMelaleucaမျိုးရင်းမှာပါဝင်တဲ့အပင်တွေကနေရရှိပါတယ်။လက်ဖက်ဆီဟာဘက်တီးရီးယားတွေကိုသတ်ပစ်နိုင်ပြီးရောင်ရမ်းမှုတွေကိုသက်သာစေပါတယ်။ဒါပေမယ့်လက်ဖက်ဆီဟာအရေပြားဓာတ်မတည့်မှုအချို့ကိုလည်း ဖြစ်စေနိုင်ပါတယ်။

ဗီတာမင်နဲ့သတ္တုဓာတ်များ

  • Retinol : Retinol ဟာဗီတာမင် A ရဲ့အသုံးပြုပုံစံဖြစ်ပြီး/ဗီတာမင် A ကနေရရှိပြီးအရေပြားတစ်ရှူးတွေကိုထိန်းသိမ်းပေးနိုင်တဲ့အတွက်အရေပြားအသစ်ဖြစ်ပေါ်တာနဲ့အရေပြားဆဲလ်ပွါးများတာတို့ကိုကူညီအားပေးပါတယ်။
  • ဇင့်ဓာတ် : ဇင့်ဓာတ်ဟာလူတွေ၊တိရစ္ဆာန်တွေအသက်ရှင်နေထိုင်ဖို့အတွက်အင်မတန်အရေးကြီးတဲ့ကဏ္ဍကနေပါဝင်ပါတယ်။အလှအပရေးရာအတွက်ဆိုရင်တော့ဇင့်ဆားဟာဝက်ခြံတွေနီရဲရောင်ရမ်းတာကိုကုသပေးနိုင်ပြီးအခြားသောဆေးအမျိုးအစားတွေနဲ့တွဲဖက်အသုံးပြုမယ်ဆိုရင် ပြင်းထန်ဝက်ခြံတမျိုးဖြစ်တဲ့ P. acnes ဖြစ်ပွါးနှုန်းကိုပါလျော့ကျစေနိုင်ပါတယ်။
ဆာလ်ဖာ : ဆာလ်ဖာကိုမြေကြီးထဲကရရှိတာဖြစ်ပြီးအရေပြားဆဲလ်သေတွေနဲ့အဆီတွေကိုဖယ်ရှားရာမှာအသုံးပြုပါတယ်။ဒါကြောင့်ဆာလ်ဖာဟာမွေးညင်းပေါက်တွေပိတ်ဆို့တာကိုလျော့နည်းသက်သာစေပါတယ်။ဆာလ်ဖာကို resorcinol ဒါမှမဟုတ် benzoyl peroxide တို့နဲ့ရောနှောအသုံးပြုလေ့ရှိပါတယ်။ လူတိုင်းဟာအရေပြားပြဿနာလေးတွေနဲ့ရင်ဆိုင်ရလေ့ရှိပေမယ့် (အထူးသဖြင့်ဝက်ခြံပေါ့) သူတို့ရဲ့အရေပြားဟာတဦးနဲ့တဦးမတူညီကြတဲ့အတွက်မိမိအရေပြားနဲ့ကိုက်ညီမယ့် OTC ဝက်ခြံကုသနည်းတွေကိုဂရုတစိုက်နဲ့ရွေးချယ်အသုံးပြုဖို့လိုအပ်ပါတယ်။ ရေးသားသူ Dr. Thiha Phyo Myint ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024