Home
မြန်မာသတင်း
တပ်မတော်သား သင်တန်းသားများ စင်ကာပူစေလွှတ်ရေး ဆွေးနွေး
DVB
·
January 6, 2018
စင်ကာပူနဲ့ မြန်မာ တပ်မတော်နှစ်ရပ် အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေးအပါအ၀င် တပ်မတော်သား သင်တန်းသားတွေ စင်ကာပူနိုင်ငံ စေလွှတ်ရေး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူ သံအမတ်ကြီးတို့ မနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ စင်ကာပူနိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ခံရတဲ့ Ms. Vanessa Chan Yuen Ying တို့ မနေ့က နေပြည်တော်က ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်မှာ တွေ့ဆုံဆွေးနွေးခဲ့တာပါ။ တွေ့ဆုံပွဲမှာ နှစ်နိုင်ငံ ဆက်ဆံရေး၊ မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ တပ်မတော်သား သင်တန်းသားတွေ စင်ကာပူနိုင်ငံ စေလွှတ်ဖို့၊ မြန်မာ-စင်ကာပူ နှစ်နိုင်ငံ  တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြှင့်ဆောင်ရွက်ရေး စတာတွေကို ဆွေးနွေးခဲ့ကြတယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ထားပါတယ်။ တွေ့ဆုံပွဲကို ဗိုလ်ချုပ်မှူးကြီးနဲ့အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) က ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်နဲ့ တပ်မတော်အရာရှိကြီးတွေလည်း တက်ရောက်ကြပြီး စင်ကာပူနိုင်ငံ သံအမတ်ကြီးနဲ့အတူ သံရုံးဒုတိယအကြီးအကဲ Mr. Koh Chee Chian တို့ တက်ရောက်ခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024