မန္တလေးမြို့က စည်ပင်ပိုင်သားသတ်ရုံ အသားများ တိုးမြှင့်ထုတ်လုပ်
DVB
·
January 5, 2018
မန္တလေးမြို့က တောင်အင်းမြောက်အင်းမှာ စည်ပင်ပိုင် သားသတ်ရုံကနေ လစဉ် အသား ပိဿာချိန်တွေ တိုးမြှင့်ထုတ်လုပ်ပေးနေပါတယ်။
ဒီလို တိုးမြှင့်ထုတ်ပေးရတာဟာ စားသုံးသူ လိုအပ်ချက် များလာတာကြောင့် ဖြစ်တယ်လို့ စည်ပင်ဈေးဌာနက ပြောပါတယ်။
၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာ စည်ပင်ဈေးဌာနကနေ အသားထုတ်လုပ်မှုက နွားကောင်ရေ နှစ်သောင်းကျော်၊ ဆိတ်ကောင်ရေပေါင်း လေးသောင်းကျော်နဲ့ ဝက်အကောင်ရေပေါင်း ခြောက်သောင်းကျော်ကနေ ပိဿာပေါင်း ၅၈ သိန်းကျော်ကို ထုတ်လုပ်ပေးနိုင်ခဲ့ပါတယ်။
လက်ရှိသားသတ်ရုံမှာ နွား၊ ဆိတ်၊ ဝက်တွေကနေ အသားထုတ်လုပ်နေပေမယ့် ဝက်အကောင်သီးသန့်အတွက် သားသတ်စက်ရုံ တည်ဆောက်နေပြီလို့ စည်ပင်ဌာနက သိရပါတယ်။
ဓာတ်ပုံ- စည်ပင်ဈေးဌာန