ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
January 5, 2018
မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ဝင် ၁ အိတ်ကို ၅၆,၃၀၀ ကျပ် ပေါက်ဈေးရှိပြီး မန္တလေး ပွဲစားကုန်သည် စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ငွေကျပ် ၆၀,၀၀၀ ကနေ ၆၂,၀၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။
ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် ၁ အိတ်ကို ၆,၀၀၀ ကျပ်ကျော် ဈေးကွာခြားမှု ရှိပါတယ်။
ပဲစင်းငုံနီ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံက ၁ အိတ်ကို ငွေကျပ် ၃၇,၇၀၀ ပေါက်ဈေးရှိနေပြီး မန္တလေး ပွဲစားကုန်သည် စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ၃၅,၀၀၀ ကျပ် ပေါက်ဈေး ရှိပါတယ်။
ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် ၁ အိတ်ကို ၂,၂၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
ပဲကြီး
ရန်ကုန် ကုန်စည်ဒိုင်မှာ ပဲကြီးက ၅၅.၂၅ ပိဿာဝင် ၁ အိတ်ကို ၂၀၂,၀၀၀ ကျပ်ကနေ ငွေကျပ် ၂၃၄,၈၀၀ ပေါက်ဈေးရှိပြီး မန္တလေး ကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၂၁၅,၀၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။
ရန်ကုန်နဲ့ မန္တလေး ၁ အိတ်ကို ၂၀,၀၀၀ ကျပ်နီးပါး ဈေးကွာခြားမှု ရှိပါတယ်။
ကုလားပဲ v2
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ကုလားပဲ v2 က ၅၆.၂၅ ပိဿာဝင် ၁ အိတ်ကို ၉၅,၀၀၀ ကျပ် ပေါက်ဈေးရှိနေပြီး ပခုက္ကူကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၉၄,၅၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။
မန္တလေးနဲ့ ပခုက္ကူ ကုန်စည်ဒိုင် ၁ အိတ်ကို ၅၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
နှမ်းနက်
မန္တလေး ကုန်စည်ဒိုင်မှာ နှမ်းနက်က ၄၅ ပိဿာဝင် ၁ အိတ်ကို ၁၀၀,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၀၅,၀၀၀ ပေါက်ဈေးရှိနေပြီး ပခုက္ကူကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၉၄,၅၀၀ ပေါက်ဈေး ရှိပါတယ်။
မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် ၁ အိတ်ကို ၉,၅၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
ကြက်သွန်နီ
ပခုက္ကူကုန်စည်ဒိုင်မှာတော့ ကြက်သွန်နီက ၁ ပိဿာကို ၁,၅၀၀ ကျပ်ကနေ ၃,၁၅၀ ကျပ် ပေါက်ဈေးရှိပြီး ၁ ပိဿာကို ၆၅၀ ကျပ် ဈေးတက်လာပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ ကြက်သွန်နီက ၁ ပိဿာကို ၁,၀၀၀ ကျပ်ကနေ ၂,၉၀၀ ကျပ် ပေါက်ဈေးရှိပြီး ၁ ပိဿာကို ၉၀၀ ကျပ် ဈေးတက်လာပါတယ်။
ပခုက္ကူ ကုန်စည်ဒိုင်နဲ့ မြင်းခြံကုန်စည်ဒိုင် ၁ ပိဿာကို ၂၅၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
ဖော်ပြပါ သီးနှံဈေးနှုန်းတွေထဲက ကြက်သွန်နီကတော့ ဈေးအဆမတန် မြင့်တက်လာပါတယ်။ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့မှာ အချိန်အခါမဟုတ် မိုးရွာတဲ့အတွက် ရေမြုပ်ပျက်စီးမှုများကြောင့် ၁ ပိဿာကို ၆၀၀ ကျပ်ကျော်ထိ ဈေးမြင့်တက်လာပါတယ်။
ကြက်သွန်နီပွဲရုံ ပိုင်ရှင်တွေကတော့ ဈေးကွက်အတွင်း အချိန်မီ မရောက်တဲ့အတွက် ကြက်သွန်နီတွေ ဈေးထပ်တက်နိုင်သေးတယ်လို့ သုံးသပ်ထားပါတယ်။
အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။
သတင်း- AMIA