ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ

မတ်ပဲ ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ဝင် ၁ အိတ်ကို ၅၆,၃၀၀ ကျပ် ပေါက်ဈေးရှိပြီး မန္တလေး ပွဲစားကုန်သည် စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ငွေကျပ် ၆၀,၀၀၀ ကနေ ၆၂,၀၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။   ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် ၁ အိတ်ကို ၆,၀၀၀ ကျပ်ကျော် ဈေးကွာခြားမှု ရှိပါတယ်။ ပဲစင်းငုံနီ ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံက ၁ အိတ်ကို ငွေကျပ် ၃၇,၇၀၀ ပေါက်ဈေးရှိနေပြီး မန္တလေး ပွဲစားကုန်သည် စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ၃၅,၀၀၀ ကျပ် ပေါက်ဈေး ရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် ၁ အိတ်ကို ၂,၂၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။ ပဲကြီး ရန်ကုန် ကုန်စည်ဒိုင်မှာ ပဲကြီးက ၅၅.၂၅ ပိဿာဝင် ၁ အိတ်ကို ၂၀၂,၀၀၀ ကျပ်ကနေ ငွေကျပ် ၂၃၄,၈၀၀ ပေါက်ဈေးရှိပြီး မန္တလေး ကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၂၁၅,၀၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေး ၁ အိတ်ကို ၂၀,၀၀၀ ကျပ်နီးပါး ဈေးကွာခြားမှု ရှိပါတယ်။ ကုလားပဲ v2 မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ကုလားပဲ v2 က ၅၆.၂၅ ပိဿာဝင် ၁ အိတ်ကို ၉၅,၀၀၀ ကျပ် ပေါက်ဈေးရှိနေပြီး ပခုက္ကူကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၉၄,၅၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ ပခုက္ကူ ကုန်စည်ဒိုင် ၁ အိတ်ကို ၅၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။ နှမ်းနက် မန္တလေး ကုန်စည်ဒိုင်မှာ နှမ်းနက်က ၄၅ ပိဿာဝင် ၁ အိတ်ကို ၁၀၀,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၀၅,၀၀၀ ပေါက်ဈေးရှိနေပြီး ပခုက္ကူကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၉၄,၅၀၀ ပေါက်ဈေး ရှိပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် ၁ အိတ်ကို ၉,၅၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။ ကြက်သွန်နီ ပခုက္ကူကုန်စည်ဒိုင်မှာတော့ ကြက်သွန်နီက ၁ ပိဿာကို ၁,၅၀၀ ကျပ်ကနေ ၃,၁၅၀ ကျပ် ပေါက်ဈေးရှိပြီး ၁ ပိဿာကို ၆၅၀ ကျပ် ဈေးတက်လာပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ ကြက်သွန်နီက ၁ ပိဿာကို ၁,၀၀၀ ကျပ်ကနေ ၂,၉၀၀ ကျပ် ပေါက်ဈေးရှိပြီး ၁ ပိဿာကို ၉၀၀ ကျပ် ဈေးတက်လာပါတယ်။ ပခုက္ကူ ကုန်စည်ဒိုင်နဲ့ မြင်းခြံကုန်စည်ဒိုင် ၁ ပိဿာကို ၂၅၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။ ဖော်ပြပါ သီးနှံဈေးနှုန်းတွေထဲက ကြက်သွန်နီကတော့ ဈေးအဆမတန် မြင့်တက်လာပါတယ်။ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့မှာ အချိန်အခါမဟုတ် မိုးရွာတဲ့အတွက် ရေမြုပ်ပျက်စီးမှုများကြောင့် ၁ ပိဿာကို ၆၀၀ ကျပ်ကျော်ထိ ဈေးမြင့်တက်လာပါတယ်။ ကြက်သွန်နီပွဲရုံ ပိုင်ရှင်တွေကတော့ ဈေးကွက်အတွင်း အချိန်မီ မရောက်တဲ့အတွက်  ကြက်သွန်နီတွေ ဈေးထပ်တက်နိုင်သေးတယ်လို့ သုံးသပ်ထားပါတယ်။ အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။ သတင်း- AMIA

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up