A d v e r t i s e m e n t With Us

ပြိုင်ပွဲအတွက် အသင့်မဖြစ်သေး၍ နုတ်ထွက်ရခြင်းဖြစ်ဟု ဆရီနာ ပြော

ပြိုင်ပွဲအတွက် အဆင်သင့်မဖြစ်တာကြောင့် သြစတြေးလျ အိုးပင်းပြိုင်ပွဲကနေ နုတ်ထွက်လိုက်တာလို့ လက်ရှိချန်ပီယံ ဆရီနာဝီလျံက ပြောကြားလိုက်ပါတယ်။ အသက် ၃၆ နှစ်ရှိ အမေရိကန်တင်းနစ်မယ် ဆရီနာဝီလျံဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်က သမီးမိန်းကလေးတဦး မွေးဖွားခဲ့တာကြောင့် လေ့ကျင့်မှုတွေ ရပ်နားထားရတာပါ။ ဒီဇင်ဘာ ၃၁ ရက်မှာ ကလေးမွေးဖွားပြီးနောက် ပထမဆုံးပွဲစဉ်အဖြစ် WTC တင်းနစ်ချန်ပီယံ အော့စ်တာပင်ကိုနဲ့ ဒူဘိုင်းမှာ လက်ရည်စစ်ပွဲစဉ်အဖြစ် ပြန်လည်ကစားခဲ့ပြီး ရှုံးနိမ့်ခဲ့ပါတယ်။ အဲဒီပွဲစဉ်အပြီးမှာ မိမိရဲ့ ပုံစံကောင်းပြန်ရဖို့ လေ့ကျင့်ချိန်လိုသေးတာကြောင့် ပြိုင်ပွဲမှာ ဝင်မပြိုင်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ပရိသတ်တွေနဲ့ ပြိုင်ပွဲတာဝန်ရှိသူတွေဘက်က နားလည်မယ်လို့ မျှော်လင့်ကြောင်း ဆရီနာဝီလျံက ပြောပါတယ်။ အမေရိကန်တင်းနစ်မယ် ဆရီနာဝီလျံဟာ အဆင့်အမြင့်ဆုံးပြိုင်ပွဲဖြစ်တဲ့ ဂရင်းစလင်းချန်ပီယံ ၂၃ ကြိမ်အထိ ရရှိထားပြီး တင်းနစ်သမိုင်းမှာ ဒုတိယ အအောင်မြင်ဆုံး ကစားသမားအဖြစ် အောင်မြင်မှု ရယူထားတာပါ။ ဆရီနာဝီလျံအနေနဲ့ သမိုင်းတလျှောက် ချန်ပီယံ ၂၄ ကြိမ်ရထားတဲ့ သြစတြေးလျတင်းနစ်မယ် မာဂရတ်ကုတ်ကိုရဲ့ စံချိန်ကို အမီလိုက်ဖို့ မျှော်လင့်ခဲ့ပေမယ့် ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခြင်းမပြုဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up