နှင်းမုန်တိုင်းဝင်ခဲ့အပြီး နယူးယောက်တွင် အရေးပေါ်အခြေအနေ ကြေညာ
အမေရိကန်နိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းကို နှင်းမုန်တိုင်း ဝင်ခဲ့အပြီး ဇန်နဝါရီ ၄ ရက်နေ့မှာ နယူးယောက်မြို့ အုပ်ချုပ်ရေးမှူး အန်ဒရူး ကူအိုမိုက အရေးပေါ်အခြေအနေ ကြေညာလိုက်ပါတယ်။
အရေးပေါ်အခြေအနေဆိုတာ တကယ်လို့ အရေးတကြီး မလုပ်မဖြစ်မဟုတ်ရင် လမ်းပေါ် မထွက်သင့်ဘူးဆိုတဲ့ အဓိပ္ပာယ်ပါလို့ သူက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒီမနက် မြို့တော် ဧရိယာက လမ်းတိုင်းလိုလိုကို ရောက်ခဲ့ပြီးပြီ၊ အခြေအနေက အတော်ဆိုးပြီး အန္တရာယ်ရှိတယ်၊ နယူးယောက်သားတွေက အနိုင်မခံ အရှုံးမပေး စိတ်ဓာတ်ရှိပေမယ့် သတိနည်းနည်း ထားရမယ်လို့ သူက ပြောပါတယ်။
လေဖိအား ရုတ်တရက် ထိုးကျမှုကြောင့် မုန်တိုင်းဖြစ်ပြီး မိုးလေဝသ ဟောကိန်းထုတ်သူ တချို့က ဒီရာသီဥတု အခြေအနေကို ဗုံးဆိုင်ကလုန်းလို့ ရည်ညွှန်းကြပါတယ်။
နောက်ဆက်တွဲအနေနဲ့ နှင်းတွေ အကြီးအကျယ် အမြန်ကျဆင်းတာနဲ့ လေပြင်းတိုက်တာတွေ ဖြစ်ပွားလေ့ရှိပါတယ်။