A d v e r t i s e m e n t With Us

ဆီးရီးယားသူပုန်သိမ်း လူနေဧရိယာပေါ် လေယာဉ်ဖြင့် ဗုံးကြဲချ၊ ၃၀ ခန့် သေဆုံး

ဓာတ်ပုံ - ရိုက်တာ
ဆီးရီးယားမြို့တော် အရှေ့ပိုင်း၊ သူပုန်တွေ သိမ်းပိုက်ထားပြီး စစ်တပ်က ဝိုင်းထားတဲ့ နေရာထဲက လူနေဧရိယာပေါ် ဂျက်လေယာဉ်တွေ ဗုံးကြဲချခဲ့လို့ အနည်းဆုံးအရပ်သား အယောက် ၃၀ လောက် မနေ့က သေဆုံးခဲ့ပါတယ်။ လေယာဉ်တွေဟာ ရုရှားလေယာဉ်တွေလို့ စစ်ပွဲစောင့်ကြည့်သူတယောက်က ပြောပါတယ်။ အရပ်ဘက် ကာကွယ်ရေးအုပ်စု ဦးထုပ်ဖြူအဖွဲ့က အင်တာနက်ပေါ်တင်လာတဲ့ ရုပ်သံတွေထဲမှာ အာဘင်းမြို့ထဲက ပျက်စီးနေတဲ့ အဆောက်အဦတွေထဲကနေ ဒဏ်ရာရသူကို ကယ်ထုတ်လာပုံကို တွေ့ရပါတယ်။ ဗုံးအနည်းဆုံး ၄ လုံးကြောင့် မစ်ရာဘာခရိုင် ဂိုတာမြို့ အရှေ့ပိုင်းက အဆောက်အဦ ၂ လုံး ပြားပြားဝပ် ပျက်စီးတယ်။ ဒါကြောင့် လူအနည်းဆုံး အယောက် ၂၀ သေပြီး အယောက် ၄၀ ကျော် ဒဏ်ရာရတယ်လို့ ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့နဲ့ အရပ်ဘက်ကာကွယ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဂိုတာမြို့ အရှေ့ပိုင်းဟာ ဒမတ်စကတ်မြို့တော်နားက သူပုန်တွေရဲ့ နောက်ဆုံး အကြီးစား ခြေကုပ်နေရာပါ။ အနားက တခြားမြို့တွေမှာလည်း လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၁၀ ယောက် သေဆုံးတယ်လို့ ကယ်ဆယ်ရေးသမားတွေ၊ လေ့လာရေးအဖွဲ့နဲ့ ဒေသခံတွေက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up