A d v e r t i s e m e n t With Us

ပဲခူးနှင့် လောင်းလုံးတွင် ဖခင်က သမီးကို သားမယားပြုကျင့်မှု  ဖြစ်ပွား

ပဲခူးမြို့နဲ့ လောင်းလုံးမြို့နယ်တို့မှာ ဖခင်အရင်းတွေက သမီးဖြစ်သူတွေကို  သားမယားပြုကျင့်မှု အသီးသီး ဖြစ်ပွားခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့က ပဲခူးမြို့၊ ဟင်္သာကုန်းရပ်ကွက် ဂဝံသံပတ်ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ ဘုရားလိုဏ်ဂူမှာ မောင်ဦး ဆိုသူ ဖခင်က သမီးဖြစ်သူ ၈ နှစ်သမီးကို သားမယား၂ ကြိမ် ပြုကျင့်ခဲ့ပါတယ်။ ဇန်နဝါရီလ ၃ ရက်နေ့မှာ မိခင် ဒေါ်အေးအေးသင်းက  တိုင်တန်းလို့ ပဲခူးမြို့မရဲစခန်းက  မောင်ဦးကို ဖမ်းပြီး ရာဇသတ်ကြီးပုဒ်မ ၃၇၆ နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့ကလည်း တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်၊ စမ်းလှန်းကျေးရွာ ပွဲခင်းဘေး ချုံပုတ်အတွင်းမှာ ဖခင် မင်းဇော်အောင် ဆိုသူက ၁၉ နှစ်အရွယ် သမီးဖြစ်သူကို သားမယားပြုကျင့်ခဲ့ပါတယ်။ ဇန်နဝါရီ ၃ ရက်နေ့မှာ သမီးဖြစ်သူက လောင်းလုံးမြို့မရဲစခန်းကို လာရောက် တိုင်တန်းလို့ ရဲက မင်းဇော်အောင်ကို ဖမ်းပြီး ရာဇသတ်ကြီး ပုဒ်မ ၃၇၆ မုဒိမ်းမှုနဲ့ အမှုဖွင့်စစ်ဆေးနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up