ရုရှားတွင် ဖိနပ်စက်ရုံမီးလောင်၊ လူ ၁၀ ဦး သေဆုံး
ရုရှားနိုင်ငံအရှေ့ပိုင်း ဆိုက်ဘေးရီးယား ဒေသထဲက နိုဗိုစီဗျက်ခ်စ်မြို့ထဲမှာ ဖိနပ်စက်ရုံ မီးလောင်ပြီး လူ ၁၀ ဦး သေဆုံးတယ်လို့ ဒေသခံ အစိုးရရှေ့နေရုံးက ဇန်နဝါရီ ၄ ရက်နေ့မှာ ပြောလိုက်ပါတယ်။
လျှပ်စစ်ရှော့ဖြစ်လို့ မီးလောင်တာဖြစ်ပြီး သေဆုံးသူတွေထဲမှာ တရုတ်နိုင်ငံသားတွေ ပါပုံရတယ်လို့ ဆိုပါတယ်။
သေဆုံးသူတွေထဲမှာ တရုတ်နိုင်ငံသား ၇ ဦး၊ ကာဂျစ္စတန်နိုင်ငံသား ၂ ဦးနဲ့ ရုရှား ၁ ဦး ပါတယ်လို့ အရေးပေါ်ဌာနကို ကိုးကားပြီး RIA သတင်းဌာနက ပြောပါတယ်။
လူအယောက် ၉၀ လောက် မီးကို ဝိုင်းငြှိမ်းခဲ့ကြတယ်လို့ နိုဗိုစီဗျက်ခ်စ် ဒေသတွင်း ရုရှား အရေးပေါ်အခြေအနေစီမံရေး ဝန်ကြီးဌာနရဲ့ အင်တာနက် စာမျက်နှာပေါ်မှာ ဖော်ပြထားပါတယ်။