ရုရှားတွင် ဖိနပ်စက်ရုံမီးလောင်၊ လူ ၁၀ ဦး သေဆုံး

ဓာတ်ပုံ - အေအက်ဖ်ပီ
ရုရှားနိုင်ငံအရှေ့ပိုင်း ဆိုက်ဘေးရီးယား ဒေသထဲက နိုဗိုစီဗျက်ခ်စ်မြို့ထဲမှာ ဖိနပ်စက်ရုံ မီးလောင်ပြီး လူ ၁၀ ဦး သေဆုံးတယ်လို့ ဒေသခံ အစိုးရရှေ့နေရုံးက ဇန်နဝါရီ ၄ ရက်နေ့မှာ ပြောလိုက်ပါတယ်။ လျှပ်စစ်ရှော့ဖြစ်လို့ မီးလောင်တာဖြစ်ပြီး သေဆုံးသူတွေထဲမှာ တရုတ်နိုင်ငံသားတွေ ပါပုံရတယ်လို့ ဆိုပါတယ်။ သေဆုံးသူတွေထဲမှာ တရုတ်နိုင်ငံသား ၇ ဦး၊ ကာဂျစ္စတန်နိုင်ငံသား ၂ ဦးနဲ့ ရုရှား ၁ ဦး ပါတယ်လို့ အရေးပေါ်ဌာနကို ကိုးကားပြီး RIA သတင်းဌာနက ပြောပါတယ်။ လူအယောက် ၉၀ လောက် မီးကို ဝိုင်းငြှိမ်းခဲ့ကြတယ်လို့ နိုဗိုစီဗျက်ခ်စ် ဒေသတွင်း ရုရှား အရေးပေါ်အခြေအနေစီမံရေး ဝန်ကြီးဌာနရဲ့ အင်တာနက် စာမျက်နှာပေါ်မှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up