ပင့်ကူလူသားဝတ်စုံဝတ် ကိုယ်ဟန်ပြရာမှ ပြုတ်ကျသေဆုံး

သေဆုံးခဲ့သည့် မလေးရှားကျောင်းသား။ (ဓာတ်ပုံ - THE STAR/ASIA NEWS NETWORK)
1.6K
ထိုင်ဝမ်ကျွန်း ချောင်ဟွာမြို့နယ်ထဲက တက္ကသိုလ်မှာ ပညာသင်နေတဲ့ မလေးရှား နိုင်ငံသားဟာ ပင့်ကူလူသားဝတ်စုံဝတ်ပြီး ဓာတ်ပုံရိုက်ခံဖို့ ကိုယ်ဟန်ပြရာမှ ဇန်နဝါရီ ၃ ရက်နေ့မှာ အမြင့်က ပြုတ်ကျသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ကျောင်းသားကို ဒေသန္တရဆေးရုံဆီ မွန်းလွဲပိုင်းက အမြန်သယ်သွားပေမယ့် သေဆုံးသွားတယ်လို့ ဒေသ သတင်းတွေမှာ ဖော်ပြပါတယ်။
တာ့ရဲတက္ကသိုလ်မှ ဌာနမှူး ဟွမ်ချွမ်းချွမ်းက “ဒီကျောင်းသားဟာ အရင်က အမြင့်တွယ်တက်တဲ့ အပြုအမူကို လုပ်တာ မမြင်ဖူးဘူး” လို့ ပြောပါတယ်။
ဒါပေမယ့် သူဟာ ပုံမှန်အားဖြင့် ဒီလို ဝတ်ဆင်ဓာတ်ပုံရိုက် သရုပ်ဖော်ရတာကို စိတ်ဝင်စားတယ်လို့ ဆိုပါတယ်။
သူဟာ ရုပ်ရှင် ငွေကြယ်ပွင့်တွေကို အတုခိုးတာ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ဌာနမှူးက ပြောပါတယ်။