A d v e r t i s e m e n t With Us

ဘိုကိုဟာရမ်စစ်သွေးကြွ ပြန်ပေးဆွဲထားသည့် ကျောင်းသူတဦးကို ကယ်တင်

ဓာတ်ပုံ - ရိုက်တာ
ဘိုကိုဟာရမ် စစ်သွေးကြွတွေက ချီဘုတ်မြို့ကနေ ၂၀၁၄ ခုနှစ်က ပြန်ပေးဆွဲသွားတာ ခံခဲ့ရတဲ့ ကျောင်းသူလေးတွေထဲက တယောက်ကို နိုင်ဂျီးရီးယားစစ်တပ်က ကယ်ခဲ့တယ်လို့ မနေ့က ပြောပါတယ်။ ပြန်ပေးဆွဲမှုဟာ လတ်တလောနှစ်တွေအတွင်း နာမည်ဆိုးနဲ့ အကျော်ကြားဆုံး အမှုတွေထဲက တခုဖြစ်ခဲ့တာပါ။ ဆာလိုမီ ပိုဂူဆိုတဲ့ ကျောင်းသူလေးကို စစ်သားတွေက သူတို့တပ်စွဲထားတဲ့ ပေါလ်ကာမြို့မှာ တခြား မိန်းကလေးတယောက်၊ ကလေးငယ် တယောက်တို့နဲ့အတူ တွေ့ခဲ့တာပါ။ တခြားမိန်းကလေးကတော့ ချီဘုတ်ကျောင်းသူတွေထဲက မဟုတ်ပါဘူး။ ခုတော့ သူတို့နှစ်ယောက်စလုံး ဘေးကင်းတဲ့နေရာမှာရှိပြီး ဆေးစစ်ကုသမှု ခံနေတယ်လို့ စစ်တပ်က ကြေညာချက် ထုတ်ပြန်ပါတယ်။ နိုင်ဂျီးရီးယားမှာ ကျောင်းသူ ၂၇၀ ကျော်ကို ပြန်ပေးဆွဲမှုဟာ နိုင်ငံတကာ ပြစ်တင် ဝေဖန်မှုတွေကို ခံခဲ့ရတာပါ။ နိုင်ဂျီးရီးယား အာဏာပိုင်တွေလည်း အကြီးအကျယ် ဝေဖန်ပြစ်တင်ခံရပြီး “တို့ မိန်းကလေးတွေကို ပြန်ခေါ်ပေး” လို့ နာမည်ပေးထားတဲ့ လှုပ်ရှားမှုတွေလည်း ပေါ်ပေါက်ခဲ့ပါတယ်။ အရင်က ကျောင်းသူ ၂၇၆ ဦး အဖမ်းခံခဲ့ရတာပါ။ အဲဒီနောက် မိန်းကလေး အယောက် ၆၀ ပြန်လွတ်လာခဲ့ပါတယ်။ မိန်းကလေး အယောက် ၁၀၀ လောက် ပြန်ပေးဆွဲခံထားရဆဲလို့ ယုံကြည်ထားကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up