နယူးယောက်တွင် ရေခဲသည်အထိ အပူချိန် ရေခဲမှတ်အောက် ကျဆင်း

ဓာတ်ပုံ - ရိုက်တာ
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ရေပန်းအတွင်းရှိ ရေတွေ ခဲတဲ့အထိ အပူချိန် ရေခဲမှတ်အောက် ကျဆင်းနေပါတယ်။ ဇန်နဝါရီ ၃ ရက်နေ့က နယူးယောက်မြို့ ဘရိုင်ယန့်ပန်းခြံအတွင်းရှိ ရေပန်း ရေခဲတဲ့အထိ အပူချိန် စံချိန်တင် ကျဆင်းနေပါတယ်။ ဒါပေမယ့်လည်း ကမ္ဘာလှည့်ခရီးသည်တွေဟာ နယူးယောက်မြို့ အအေးဒဏ်ကို အန်တုပြီး သွားလာနေကြပါတယ်။ သြစတြေးလျဧည့်သည်တဦးက “မယုံနိုင်စရာပဲဗျာ။ သြစတြေးလျမှာဆို ဒီလိုမျိုး မရှိဘူး။ ဆစ်ဒနီမှာဆို အလွန်ဆုံး အေးလှ ၆ ဒီဂရီပေါ့။ ဒီမှာတော့ အနုတ် ၁၀ အနုတ် ၁၂။ တကယ်ကို မယုံနိုင်စရာပဲ” လို့ ပြောပါတယ်။ နယ်သာလန် ဧည့်သည်တဦးက “ဒီလောက်အေးတာ တကယ်လားဆိုပြီး ကိုယ့်ဟာကိုယ် မေးယူရတယ်” လို့ ပြောသွားပါတယ်။ မိုင်ယာမီကနေ လာရောက်သူတဦးက “အားလုံး တခြားစီပဲ။ အေးတဲ့ရာသီဥတုနဲ့ အဆင်ပြေအောင်နေဖို့ပဲ ရှိတယ်။ ဘုရားသခင် ကောင်းချီးပေးပါစေ။ ပျော်ပါစေ” လို့ ဆိုပါတယ်။ နယူးဂျာစီ ဒေသခံတဦးကလည်း “လှပါတယ်။ တချို့ကတော့ ဆိုးတယ်ပြောရင် ပြောမယ်။ ကျနော်ကတော့ လှတယ်လို့ ထင်ပါတယ်” လို့ ပြောပါတယ်။ အာတိတ်ဒေသက လေအေးတွေ ဝင်ရောက်မှုကြောင့် အမေရိကန်ပြည်ထောင်စု အရှေ့ပိုင်း သုံးပုံနှစ်ပုံဟာ ဒီသီတင်းပတ်ကုန်အထိ အပူချိန် ကျဆင်းနေမှာဖြစ်တယ်လို့ မိုးလေဝသပညာရှင်တွေက ပြောကြားထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up