Home
မြန်မာသတင်း
ရယူလိုမှုအနည်းဆုံး ပေးဆပ်နိုင်မှု အမြင့်ဆုံးအဖွဲ့သည် တပ်မတော်ဖြစ်ဟု ဗိုလ်ချုပ်မှူးကြီး ပြော
DVB
·
January 4, 2018
တပ်မတော်ဟာ ရယူလိုမှု အနည်းဆုံးနဲ့ ပေးဆပ်နိုင်မှု အမြင့်မားဆုံး အဖွဲ့အစည်းတရပ် ဖြစ်တယ်လို့  တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ နေပြည်တော်မှာ ဇန်န၀ါရီ ၄ ရက် မနက်က တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နဲ့  လက်မှတ်များ ပေးအပ်ပွဲမှာ ပြောခဲ့တာ ဖြစ်ပါတယ်။ “နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်မှုနဲ့ ပတ်သက်ပြီး တပ်မတော်ဟာ  ရယူလိုမှု အနည်းဆုံးနဲ့ ပေးဆပ်နိုင်မှု အမြင့်မားဆုံး အဖွဲ့အစည်းတရပ်ဖြစ်လို့ အစဉ်အလာ တစ်ဆယ့်နှစ်ရပ်ကဲ့သို့ ထင်ရှားမြင်သာတဲ့ ဝိသေသလက္ခဏာများနဲ့ ခိုင်ခိုင်မာမာ ရပ်တည်လာခဲ့ခြင်း ဖြစ်တယ်။ နိုင်ငံတော် ကာကွယ်ရေးတာဝန်တွေကို ထမ်းဆောင်ကြရာမှာ  ကျရာတာဝန်ဝတ္တရားများကို မဆုတ်မနစ်တဲ့ ဇွဲ၊ လုံ့လ၊ ဝီရိယ စိုက်ထုတ်ပြီး သက်စွန့်ကြိုးပမ်း ထမ်းဆောင်ခဲ့ကြသူတွေ တပ်မတော်မှာ စဉ်ဆက်မပြတ် ပေါ်ထွန်းခဲ့ခြင်းကြောင့်လည်း ဒီနေ့အချိန်အထိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံရယ်လို့  ကမ္ဘာ့အလယ်မှာ ထင်ထင်ရှားရှား ထည်ထည်ဝါဝါ ရပ်တည်နေနိုင်ခြင်း ဖြစ်တယ်”လို့လည်း ပြောပါတယ်။ ဒီနေ့ ဂုဏ်ထူးဆောင်တံဆိပ်နဲ့  လက်မှတ်ပေးအပ်ပွဲမှာ  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူရဲကောင်းမှတ်တမ်းဝင် တံဆိပ်ရရှိသူ ၂၅ ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ သူရဲကောင်းလက်မှတ် ရရှိသူ ၂ ဦးနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ဂုဏ်ထူးဆောင်  လက်မှတ် ရရှိသူ ၁၃ ဦးတို့ကို ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။ Photo - Senior General Min Aung Hlaing
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024