ဂျပန်နိုင်ငံ၏ လုံခြုံရေးအခြေအနေ အဆိုးဆုံးရောက်နေဟု ဝန်ကြီးချုပ် ပြော

ဓာတ်ပုံ - ရိုက်တာ
ဂျပန်နိုင်ငံရဲ့ လုံခြုံရေးအခြေအနေဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အဆိုးဆုံးအခြေအနေ ရောက်နေတယ်လို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဇန်နဝါရီ ၄ ရက်နေ့မှာ ပြောကြားသွားပါတယ်။ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် အီဆေး ဂရင်း ဂူဗိမာန်မှာ ဝတ်ပြုအပြီး သတင်းစာရှင်းလင်းပွဲမှာ မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်ခြိမ်းခြောက်မှုတွေကို ရည်ညွှန်းပြီး အဲဒီလို ပြောကြားသွားတာပါ။ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက “ပြီးခဲ့တဲ့နှစ်က မြောက်ကိုရီးယားဟာ သူ့ရဲ့ နျူလက်နက်နဲ့ ဒုံးကျည်အစီအစဉ်တွေကနေ တဆင့် တဖက်သတ်ရန်စမှုတွေ အရှိန်မြှင့်လုပ်ဆောင်ခဲ့ပါတယ်။ ဂျပန်နိုင်ငံ ပတ်ဝန်းကျင်က လုံခြုံရေးအခြေအနေဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အဆိုးဆုံးပဲဆိုတာ ကျနော် ပုံကြီးချဲ့ပြောတာ မဟုတ်ပါဘူး” လို့ ပြောပါတယ်။ ဆက်လက်ပြီး သူက “ကျေန်ာတို့ရဲ့ ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်ပါမယ်။ ကျေန်ာတို့ပြည်သူတွေ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်နိုင်တဲ့ နည်းလမ်းတွေကို ချဲ့ထွင်ရုံမကဘဲ ပြည်သူတွေကို အကာအကွယ်ပေးနိုင်မယ့် လိုအပ်တဲ့ နည်းလမ်းတွေကိုလည်း မြှင့်တင်သွားပါမယ်” လို့ ပြောကြားသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up