မန္တလေးတွင် ယာဉ် ၅ စီး ဆက်တိုက်မှုဖြစ်ပွား (ဓာတ်ပုံ)
Aung Aung Naing
·
January 4, 2018
မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၇၈ လမ်း၊ ၄၂ လမ်းမီးပွိုင့်မှာ မော်တော်ယာဉ် ၅ စီး ဆက်တိုက်မှု ဒီကနေ့ မွန်းလွဲ ၁ နာရီခွဲလောက်က ဖြစ်ပွားခဲ့ပါတယ်။
မြောက်ဘက်ကနေ တောင်ဘက် ၇၈ လမ်းဘက်ကို မောင်းနှင်လာတဲ့ တိုယိုတာဟိုင်းလက်စ်ဗီဂို အနက်ရောင်ကားဟာ တောင်ကနေ မြောက်ကို မောင်းနှင်ဖို့အတွက် မီးနီလို့ စောင့်ဆိုင်းနေတဲ့ အယ်လ်ဖာ့ဒ်ယာဉ်၊ အဖြူရောင် မတ်တူးဆလွန်း၊ အနက်ရောင် လက်ဆက် (Lexus) ယာဉ်နဲ့ ဒိုင်နာ ၂၄ ပေ ကုန်တင်ယာဉ်တို့ကို ဆက်တိုက် တိုက်မိခဲ့တာ ဖြစ်ပါတယ်။
ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်းသူတွေနဲ့ စီးနင်းလာသူတွေ ထိခိုက်ဒဏ်ရာရတာ မရှိခဲ့ပါဘူး။
ဒီဖြစ်စဉ် လာရောက်စစ်ဆေးနေတဲ့ ယာဉ်မှုစစ်ကို မေးမြန်းရာမှာတော့ ယာဉ်မဆင်မခြင်မောင်းနှင်မှုနဲ့ အမှုဖွင့် အရေးယူသွားမှာဖြစ်ပြီး ယာဉ်မောင်းအားလုံးကို ယာဉ်ထိန်းရုံး ခေါ်ယူစစ်ဆေးသွားမယ်လို့ ပြောပါတယ်။