A d v e r t i s e m e n t With Us

မန္တလေးတွင် ယာဉ် ၅ စီး ဆက်တိုက်မှုဖြစ်ပွား (ဓာတ်ပုံ)

မန္တလေးမြို့ မဟာ​အောင်​​မြေမြို့နယ်​ ၇၈ လမ်း၊ ၄၂ လမ်းမီးပွိုင့်​မှာ ​မော်တော်ယာဉ်​ ၅ စီး ဆက်​တိုက်​မှု ဒီကနေ့ မွန်းလွဲ ၁ နာရီခွဲလောက်က ဖြစ်​ပွားခဲ့ပါတယ်။ ​မြောက်​​ဘက်ကနေ တောင်​ဘက်​ ၇၈ လမ်းဘက်​ကို မောင်းနှင်​လာတဲ့ တိုယိုတာဟိုင်းလက်စ်ဗီဂို အနက်​​ရောင်​ကားဟာ ​တောင်​က​နေ ​မြောက်​ကို​ မောင်းနှင်​ဖို့အတွက် မီး​နီလို့ စောင့်ဆိုင်း​နေတဲ့ အယ်လ်ဖာ့ဒ်ယာဉ်၊ အဖြူ​ရောင်​ မတ်​တူးဆလွန်း၊ အနက်​​ရောင်​ လက်ဆက် (Lexus) ယာဉ်နဲ့ ဒိုင်​နာ ၂၄ေ​ပ ကုန်​တင်​ယာဉ်​တို့ကို ဆက်​တိုက်​ တိုက်​မိခဲ့တာ ဖြစ်​ပါတယ်​။ ယာဉ်တိုက်မှုကြောင့် ယာဉ်​​မောင်းသူတွေနဲ့ ​စီးနင်းလာသူတွေ ထိခိုက်​ဒဏ်​ရာရတာ မရှိခဲ့ပါဘူး။ ဒီဖြစ်​စဉ် လာ​ရောက်​စစ်​​ဆေး​နေတဲ့ ယာဉ်​မှုစစ်ကို ​မေးမြန်းရာမှာတော့ ယာဉ်​မဆင်​မခြင်​​မောင်းနှင်​မှုနဲ့ အမှုဖွင့် အ​ရေးယူသွားမှာဖြစ်​ပြီး ယာဉ်​​မောင်းအားလုံးကို ယာဉ်​ထိန်းရုံး ခေါ်ယူစစ်​​ဆေးသွားမယ်​လို့​ ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up