A d v e r t i s e m e n t With Us

ကစားသမားသစ်ခေါ်နိုင်မှ အသင်းမှ ကစားသမားအချို့ကို ရောင်းမည်ဟု ကွန်တီပြော

ဓာတ်ပုံ - Getty
ကစားသမားသစ်တွေ ခေါ်ယူနိုင်မှ အသင်းက ကစားသမားတချို့ကို ရောင်းထုတ်လို့ရမယ်လို့ ချဲလ်ဆီးနည်းပြ ကွန်တီက ဆိုပါတယ်။ ချဲလ်ဆီးအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်မရဘဲ ဖြစ်နေတဲ့ နောက်ခံလူ ဒေးဗစ်လူးဝစ်နဲ့ တိုက်စစ်မှူး ဘတ်ရှူးအာယီတို့ အသင်းကနေ ထွက်ခွာမယ်လို့ သတင်းထွက်နေတာပါ။ အခုနှစ်အတွင်းမှာ ကမ္ဘာ့ဖလားပွဲရှိတာကြောင့် ကစားသမားတွေအနေနဲ့ ကလပ်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့် လိုချင်တာကို မိမိအနေနဲ့ နားလည်မှုရှိပေမယ့် ကစားသမားသစ် ခေါ်ယူနိုင်မှသာ အသင်းပြောင်းရွှေ့လိုတဲ့ ကစားသမားတွေကို ခွင့်ပြုမယ်လို့ ကွန်တီက ဆိုပါတယ်။ ချဲလ်ဆီးနည်းပြကွန်တီအနေနဲ့ အခုအပြောင်းအရွှေ့မှာ ဂျူဗင်တပ်နောက်ခံလူ အဲလက်စ်ဆန်ဒရိုကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။ နောက်ခံလူ ဒေးဗစ်လူးဝစ်ကို အာဆင်နယ်က ခေါ်ယူမယ်လို့ သတင်းထွက်ခဲ့ပေမယ့် နည်းပြ အာစင်ဝင်းဂါးက ငြင်းဆိုထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up