A d v e r t i s e m e n t With Us

မြန်မာပြည် ငြိမ်းချမ်းမှုနှင့် ပြည့်စုံကြွယ်ဝမှုများ ရရှိစေရန် ရုရှားသမ္မတ ပူတင် ဆုတောင်း

မြန်မာနိုင်ငံသူ နိုင်ငံသားတွေ ငြိမ်းချမ်းမှုနဲ့ ပြည့်စုံကြွယ်ဝမှုတွေ ရရှိစေဖို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ ဗလာဒီမာပူတင်က ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ နှစ် ၇ဝ ပြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံသို့ ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ရာမှာ ဆုတောင်းပေးထားတာပါ။ မြန်မာနဲ့ ရုရှားနိုင်ငံတို့ရဲ့ နှစ်နိုင်ငံဆက်ဆံရေးဟာ ချစ်ကြည်ရင်းနှီးမှု ရှိခဲ့ပါကြောင်း၊ နှစ်နိုင်ငံပြည်သူတွေရဲ့ အကျိုးအတွက် ရှေ့လျှောက် နှစ်နိုင်ငံရေးရာတွေနဲ့ အပြည်ပြည်ဆိုင်ရာ ကိစ္စရပ်တွေမှာ အပြုသဘောဆောင် တိုးတက်မှုတွေ ဖြစ်ပေါ်လာမယ်လို့ ယုံကြည်ကြောင်းလည်း သမ္မတ ပူတင်က ပြောပါတယ်။ ဓာတ်ပုံ - Getty Images

A d v e r t i s e m e n t With Us

More News
Up