A d v e r t i s e m e n t With Us

အထူးစုံစမ်းစစ်ဆေးရေးမှူး ရောဘတ်မူလာကို ထရမ့်၏ စည်းရုံးရေးမန်နေဂျာဟောင်း တရားစွဲ

ပေါလ်မန်နာဖော့တ်။ (ဓာတ်ပုံ - ရိုက်တာ)
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ရုရှားနဲ့ ပတ်သက်နေတယ်ဆိုတဲ့ ကိစ္စကို စုံစမ်းစစ်ဆေးနေတဲ့ အထူးစုံစမ်းစစ်ဆေးရေးမှူး ရောဘတ်မူလာကို ထရမ့်ရဲ့ ရွေးကောက်ပွဲ စည်းရုံးရေး မန်နေဂျာဟောင်းက ဒီဇင်ဘာ ၃ ရက်မှာ တရားစွဲဆိုလိုက်ပါတယ်။ အထူးစုံစမ်းစစ်ဆေးရေးမှူး ရောဘတ်မူလာနဲ့ သူ့ကို အဲဒီရာထူး ခန့်အပ်ခဲ့တဲ့ လက်ထောက်ရှေ့နေချုပ် ရော့ဒ်ရိုဆန်စတိန်းတို့ကို ကိုလံဘီယာတရားရုံးမှာ တရားစွဲလိုက်တာပါ။ ရောဘတ်မူလာရဲ့ စုံစမ်းစစ်ဆေးမှုဟာ သူ့ရဲ့ ဥပဒေကြောင်းအရ ရှိထားတဲ့ အခွင့်အာဏာကို ကျော်လွန်နေတယ်ဆိုပြီး ရွေးကောက်ပွဲမန်နေဂျာဟောင်း ပေါလ်မန်နာဖော့တ်က စွပ်စွဲပြောကြားထားပါတယ်။ နောက်ပြီး အမေရိကန် လက်ထောက်ရှေ့နေချုပ် ရိုဆန်စတိန်းကိုလည်း ရောဘတ်မူလာကို အကန့်အသတ်မရှိ စုံစမ်းစစ်ခွင့်ပေးခဲ့တဲ့ ကိစ္စဟာ သူ့ရဲ့ ဥပဒေကြောင်းအရ ရှိတဲ့ လုပ်ပိုင်ခွင့်အာဏာကို ကျော်လွန်နေတယ်ဆိုပြီး ပေါလ်မန်နာဖော့တ်က စွပ်စွဲထားပါတယ်။ အခုကိစ္စနဲ့ပတ်သက်ပြီး အထူးစုံစမ်းစစ်ဆေးရေးမှူး ရောဘတ်မူလာရဲ့ရုံးက တစုံတရာ မှတ်ချက်ပြု ပြောကြားဖို့ ငြင်းဆန်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up