သမ္မတဟောင်း ဘီလ်ကလင်တန်၏ နေအိမ်တွင် မီးလောင်

ဓာတ်ပုံ - ရိုက်တာ
2K
အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်ရဲ့ နေအိမ်မှာ ဇန်နဝါရီ ၃ ရက်နေ့က မီးလောင်မှုဖြစ်ခဲ့ပါတယ်။
နယူးယောက်မြို့ ချပ်ပါကွာအရပ်ရှိ သမ္မတဟောင်း ကလင်တန်ရဲ့ နေအိမ် အိပ်ခန်းတခုမှာ မီးလောင်ခဲ့တာဖြစ်ပြီး မီးကို ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ အရေးပေါ်ကယ်ဆယ်ရေး ဝန်ထမ်းတွေရဲ့ ရေဒီယိုထုတ်လွှင့်ချက်ကို ကိုးကားပြီး ဒေသတွင်း သတင်းတွေမှာ ဖော်ပြပါတယ်။
အဲဒီမီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိဘဲ ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့ အသေးစိတ်ကိုတော့ မပြောနိုင်သေးဘူးလို့ နယူးကာဆယ်ရဲဌာန တာဝန်ရှိသူတဦးက ဆိုပါတယ်။
ချပ်ပါကွာအရပ်ဟာ နယူးယောက်မြို့ကနေ မိုင် ၄၀ ခန့်အကွာမှာ ရှိတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။