Homeမြန်မာသတင်း
လွတ်လပ်ရေးအတွက် ကိုယ်ကျိုးစွန့်ခဲ့ကြသည့် လွတ်လပ်ရေး မော်ကွန်းဝင်များကို မန္တလေးတိုင်းအစိုးရ ဂုဏ်ပြု
လွတ်လပ်ရေးအတွက် ကိုယ်ကျိုးစွန့်ခဲ့ကြသည့် လွတ်လပ်ရေး မော်ကွန်းဝင်များကို မန္တလေးတိုင်းအစိုးရ ဂုဏ်ပြု
DVB
·
January 4, 2018
နှစ် ၇၀ ပြည့် လွတ်လပ်ရေးနေ့ အခမ်းအနားကို မန္တလေးမြို့၊ မန္တလာသီရိ အားကစားကွင်းမှာ ဒီကနေ့ မနက် ၆ နာရီ ၄၅ မိနစ်က ကျင်းပခဲ့ရာမှာ မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံ ဆောင်ရွက်ခဲ့ကြတဲ့ လွတ်လပ်ရေး မော်ကွန်းဝင်တွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့က ချီးမြှင့်ဂုဏ်ပြုခဲ့ပါတယ်။
လွတ်လပ်ရေးမော်ကွန်းဝင်တွေအတွက် အခမဲ့ မော်တော်ယာဉ်စီးနင်းခွင့်၊ မန္တလေးပြည်သူ့ ဆေးရုံကြီးမှာ အခမဲ့ဆေးကုသခွင့်၊ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ရေယူနစ် ၁၅ လ၊ မန္တလေး လျှပ်စစ်ဓာတ်အားေ ပးရေးကော်ပိုရေးရှင်းက လျှပ်စစ်ယူနစ် ၁၀၀ လ အခမဲ့ သုံးစွဲခွင့်နဲ့ ငွေသားတို့ကို ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။
အခမ်းအနားကို တိုင်းအစိုးရတာဝန်ရှိသူတွေပါအ၀င် ပြည်သူလူထု ဧည့်ပရိတ်သတ် ၃၂၀၀ ကျော်လောက်ပါဝင်တက်ရောက်ခဲ့ကြပါတယ်။