Homeသတင်းဓာတ်ပုံ
ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံ၌ ကျင်းပသည့် နှစ် (၇၀) ပြည့် လွတ်လပ်ရေးနေ့ အခမ်းအနား (ဓာတ်ပုံ)
ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံ၌ ကျင်းပသည့် နှစ် (၇၀) ပြည့် လွတ်လပ်ရေးနေ့ အခမ်းအနား (ဓာတ်ပုံ)
ရန်နိုင်ဇော်ဝင်း
·
January 4, 2018
မြန်မာနိုင်ငံရဲ့ နှစ် ၇၀ ပြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလံတင်ပွဲ အခမ်းအနားကို ဇန်နဝါရီလ ၄ ရက်နေ့ မနက် ၄ နာရီဝန်းကျင်လောက်က ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံထဲမှာ ကျင်းပပါတယ်။
ဒီပွဲမှာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက နိုင်ငံတော်သမ္မတ ဦးထင်ကျော် ပေးပို့တဲ့ လွတ်လပ်ရေး သဝဏ်လွှာကို ဖတ်ကြားခဲ့ပါတယ်။
ဒီပွဲကို ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ တပ်မတော်အရာရှိတွေ၊ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က တာဝန်ရှိသူတွေနဲ့ အာဏာပိုင်အဖွဲ့အစည်းတွေ တက်ရောက်ခဲ့ပါတယ်။