ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ

မတ်ပဲ
ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ၁ တန်ကို ငွေကျပ် ၅၆၇,၀၀၀ ပေါက်ဈေးရှိနေပြီး မနေ့ကထက် ၁ တန်ကို ၁၅,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကတော့ ဒီနေ့မှာ ၁ တန်ကို ငွေကျပ် ၃၇၈,၅၀၀ ပေါက်ဈေးရှိပြီး မနေ့ကထက် ၁ တန်ကို ၁,၅၀၀ ကျပ်ေ>းကျဆင်းသွားပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်းကတော့ ဒီနေ့မှာ ၁ ပိဿာကို ၃၅ ကျပ် ဈေးကျဆင်းသွားပြီး ဒီနေ့ပေါက်ဈေးကတော့ ၁ ပိဿာကို ၁,၃၀၀ ကျပ်ကနေ ၁,၃၃၅ ကျပ် ပေါက်ဈေးရှိပါတယ်။
ထောပတ်ပဲ
ထောပတ်ပဲကတော့ ဒီနေ့မှာ ၁ ပိဿာကို ၁,၃၀၀ ကျပ်ကနေ ၁,၄၈၀ ကျပ် ပေါက်ဈေးရှိပြီး မနေ့ကထက် ၁ ပိဿာကို ၂၆၀ ကျပ် ဈေးတက်လာပါတယ်။
စွန်တာပဲ
စွန်တာပဲကတော့ ဒီနေ့မှာ ၁ ပိဿာကို ၃၅ ကျပ် ဈေးကျဆင်းသွားပြီး ဒီနေ့ ပေါက်ဈေးကတော့ ၁ ပိဿာကို ၁,၆၁၅ ကျပ် ပေါက်ဈေးရှိပါတယ်။
ပဲလွန်းဖြူ
ပဲလွန်းဖြူကတော့ ဒီနေ့မှာ ၁ ပိဿာကို ၁၅ ကျပ် ဈေးတက်လာပြီး ဒီနေ့ ပေါက်ဈေးကတော့ ၁ ပိဿာကို ၁,၃၀၀ ကျပ်ကနေ ၁,၃၅၀ ကျပ် ပေါက်ဈေးရှိပါတယ်။
ကြက်သွန်နီ
ကြက်သွန်နီကတော့ ဒီနေ့မှာ ၁ ပိဿာကို ၂,၀၀၀ ကျပ်ကနေ ငွေကျပ် ၃,၂၅၀ ပေါက်ဈေးရှိပြီး မနေ့ကထက် ၁ ပိဿာကို ၂၅၀ ကျပ် ဈေးတက်လာပါတယ်။
အာလူး
အာလူးကတော့ ဒီနေ့မှာ ၁ ပိဿာကို ၄၅၀ ကျပ်ကနေ ငွေကျပ် ၁,၀၀၀ ပေါက်ဈေးရှိပြီး ၁ ပိဿာကို ၂၅၀ ကျပ် ဈေးတက်လာပါတယ်။
အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။
သတင်း- AMIA