A d v e r t i s e m e n t With Us

စတာလင်၊ အဂွေရိုတို့၏သွင်းဂိုးဖြင့် ဝတ်ဖို့ဒ်ကို မန်စီးတီး အနိုင်ယူ (ရုပ်သံ)

ပရီးမီးယားလိဂ်ပွဲစဉ် ၂၂ အဖြစ် မန်စီးတီးနဲ့ ဝတ်ဖို့ဒ်တို့ မနေ့ညက ယှဉ်ပြိုင်ရာ မန်စီးတီးက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ မန်စီးတီးဟာ ဒဏ်ရာရနေတဲ့ လူငယ်တိုက်စစ်မှူး ဂျီးဆပ်စ် မပါဝင်နိုင်ဘဲ အဂွေရိုကို အထောင်တိုက်စစ်မှူး အဖြစ် အသုံးပြုခဲ့ပြီး စတာလင်၊ ဒီဘရိုင်း၊ ဆေးလ်ဗား၊ ဆာနေး၊ ဖာနန်ဒင်ဟိုတို့နဲ့ ဝန်းရံခဲ့သလို နောက်တန်းမှာ ဒဲ့ဖ်၊ အော်တာမန်ဒီ၊ စတုန်း၊ ဝေါ်လ်ကာနဲ့ ဂိုးသမားအဖြစ် အီဒါဆန်တို့ကို အသုံးပြုခဲ့ပါတယ်။ ပွဲအစ တမိနစ်မှာပဲ ဆာနေး ကန်တင်ပေးတဲ့ဘောလုံးကို စတာလင်က ပိတ်သွင်းပြီး မန်စီးတီး အဖွင့်ဂိုး ရခဲ့ပါတယ်။ ဒီ့နောက် မန်စီးတီးကပဲ ဆက်တိုက် ဖိကစားလာပြီး ပွဲချိန် ၁၃ မိနစ်မှာ ကွင်းလယ်လူ ဒီဘရိုင်း ဝတ်ဖို့ဒ်ဂိုးရှေ့ ဖြတ်တင်ပေးတဲ့ဘောလုံးကို ဝတ်ဖို့ဒ်ကစားသမားတဦး ရှင်းထုတ်ရင်း ကိုယ့်ဂိုးကိုယ်သွင်းမိလို့ မန်စီးတီး ဒုတိယဂိုးရခဲ့ပြီး ပထမပိုင်းအပြီးမှာ ၂ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ မန်စီးတီးဟာ ဒီနေ့ပွဲမှာ ဘောလုံးပိုင်ဆိုင်မှု ၇၇ ရာခိုင်နှုန်းအထိ အသာစီးယူနိုင်ခဲ့သလို ထိုးဖောက်ကန်သွင်းခွင့်မှာလည်း အပြတ် အသာစီးရခဲ့ပါတယ်။ မန်စီးတီးအတွက် တတိယဂိုးကို ပွဲချိန် ၆၃ မိနစ်မှာ တိုက်စစ်မှူး အဂွေရိုက အနီးကပ်ပိတ်သွင်းခဲ့ပြီး ဝတ်ဖို့ဒ်အတွက် ချေပဂိုးတဂိုးကိုတော့ ၈၂ မိနစ်မှာ ဂရေးက သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲအနိုင်ရတဲ့မန်စီးတီးက ရမှတ် ၆၂ မှတ်နဲ့ အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်ထားနိုင်ပြီး ဝတ်ဖို့ဒ်ကတော့ ၂၅ မှတ်နဲ့ အဆင့် ၁၀ မှာ ရပ်တည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up