Home
မြန်မာသတင်း
ဧရာဝတီတိုင်း စိုက်/မွေးဝန်ကြီး ရာထူးက နုတ်ထွက်ခွင့် တောင်းခံ
သော်ဇင်မျိုး
·
January 3, 2018
ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဘဟိန်းဟာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးအဖြစ်ကနေ နုတ်ထွက်ခွင့်ပြုဖို့ စာတင်ထားပါတယ်။ တခြား ဘာအကြောင်းရှိလို့မှ မဟုတ်ဘဲ ကျန်းမာရေး အခြေအနေကြောင့်သာ ဇန်နဝါရီ ၂ ရက်နေ့က နုတ်ထွက်စာ တင်လိုက်ရတာဖြစ်တယ်လို့  ဝန်ကြီး ဦးဘဟိန်းက ပြောပါတယ်။ အသက် ၇၀ ကျော်အရွယ် ရှိနေပြီဖြစ်တဲ့ ဝန်ကြီးဦးဘဟိန်းဟာ စိုက်ပျိုးမွေးမြူရေး ပညာရှင်ဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  ပါတီဝင်တဦးလည်း ဖြစ်ပါတယ်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ကျောင်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်တာမှာတော့ ရှုံးနိမ့်ခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ ဧရာဝတီတိုင်းဒေသကြီးရဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးအနေနဲ့ တာဝန်ပေးအပ်ခံခဲ့ရတာပါ။ သူ့အနေနဲ့ စိုက်ပျိုးရေးကဏ္ဍ ပြုပြင်ပြောင်းလဲတာတွေ လုပ်ဆောင်နေပြီး ဧရာဝတီတိုင်းဒေသကြီးမှာ အဓိကအရေးပါတဲ့ ရေချိုငါးလုပ်ငန်းဥပဒေကို ရေလုပ်သားငယ်တွေနဲ့ တရားဥပဒေစိုးမိုးဖို့အတွက် ဦးဆောင်ပြီး ပြင်ဆင်ရေးဆွဲနေတာပါ။ ရေချိုငါးလုပ်ငန်းဥပဒေ ပြင်ဖို့လုပ်တာနဲ့ပတ်သက်ပြီး အင်းလုပ်ငန်းရှင်အချို့ရဲ့ ဆန္ဒပြမှုနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် ရေလုပ်သားငယ်တွေရဲ့ ထောက်ခံမှုကိုလည်း အများအပြား ရရှိထားသူ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024