လွတ်လပ်ရေးနေ့ အခမ်းအနားအတွက် မဟာဗန္ဓုလပန်းခြံကို ခေတ္တပိတ်ထား
စိုးမိုးအောင်
·
January 3, 2018
နှစ် ၇၀ ပြည့် လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပဖို့အတွက် ရန်ကုန်မြို့လယ်ကောင်က အခမဲ့ အများပြည်သူ အပန်းဖြေပန်းခြံတခုဖြစ်တဲ့ မဟာဗန္ဓုလပန်းခြံကို ခေတ္တပိတ်ထားပါတယ်။
လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပဖို့ ပြင်ဆင်နေတာကြောင့် မဟာဗန္ဓုလပန်းခြံကို ဇန်နဝါရီ ၂ ရက်မှ စတင်ပိတ်လိုက်တာဖြစ်ပြီး ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပပြီးမှ ပြန်လည်ဖွင့်လှစ်မှာ ဖြစ်တယ်လို့ တာဝန်ကျ စည်ပင်ဝန်ထမ်း တဦးက ပြောပါတယ်။
မဟာဗန္ဓုလပန်းခြံဟာ ဝင်ကြေး အခမဲ့ဖြစ်တဲ့အပြင် ကလေး ကစားကွင်းတွေ၊ လူကြီးတွေအတွက် ကိုယ်ကာယ လေ့ကျင့်ကွင်းတွေပါ တည်ဆောက်ပေးထားတာကြောင့် နေ့စဉ် အပန်းဖြေသူ အများအပြား ဝင်ရောက်အပန်းဖြေနေတဲ့ ပန်းခြံတခုလည်း ဖြစ်ပါတယ်။