A d v e r t i s e m e n t With Us

နှစ်ပေါင်း ၂၇၀၀ သက်တမ်းရှိ ဂျေရုဆလင်မြို့တော်ဝန် စည်းတံဆိပ်ပြား တူးဖော်ရရှိ

ဓာတ်ပုံ - ရိုက်တာ
အစ္စရေး ရှေးဟောင်းသုတေသန ပညာရှင်တွေဟာ နှစ်ပေါင်း ၂၇၀၀ သက်တမ်းရှိ သမ္မာကျမ်းစာလာ ဂျေရုဆလင်မြို့တော်ဝန်ရဲ့ စည်းတံဆိပ်ပြားကို ဇန်နဝါရီ ၁ ရက်နေ့က တူးဖော်ရရှိခဲ့ပါတယ်။ ရွှံ့နဲ့လုပ်ထားတဲ့ အဲဒီစည်းတံဆိပ်ပြားပေါ်မှာ “မြို့တော်ဝန်ပိုင်ပစ္စည်း” လို့ ရှေးဟောင်း ဟီဘရူးဘာသာစကားနဲ့ ရေးသားထားတာ ဖြစ်ပါတယ်။ “သက်သေအထောက်အထားနဲ့ တွေ့တာ ဒါ ပထမဆုံးပါ။ အဲဒီစည်းတံဆိပ်ပြားမှာ ရာထူးနာမည် ရေးထိုးထားပါတယ်။ ဂျေရုဆလင်မြို့တော်ဝန်ပါ။ အခုချိန်ထိ ဒီမြို့တော်ဝန်ဆိုတာ သမ္မာကျမ်းစာထဲမှာပဲ တွေ့ရတာပါ။ သမ္မာကျမ်းစာထဲမှာ၊ တခြားတခြားသော မြို့တော်တွေမှာ  ဒီမြို့တော်ဝန်အကြောင်း အကြိမ်ကြိမ် ဖော်ပြထားပါတယ်။ ဂျေရုဆလင်မြို့တော်ဝန်အကြောင်း ၂ ကြိမ် ဖော်ပြထားပါတယ်။ ဒါပေမယ့် ရှေးဟောင်းသုတေသန တူးဖော်တွေ့ရှိတာမျိုးတော့ လုံးဝမရှိခဲ့ပါဘူး။ ဆိုတော့ အခုတွေ့တာက တော်တော်အရေးကြီးတဲ့ တွေ့ရှိမှုပါ” လို့ အစ္စရေး ရှေးဟောင်းသုတေသနအဖွဲ့က ရှေးဟောင်းသုတေသန ပညာရှင် ဒေါက်တာ ရှလွန်းမစ် ဝက်ခ်စလာ ဘဒိုလာက ပြောပါတယ်။ ဂျေရုဆလင်မြို့တော်ဝန်ရဲ့ စည်းတံဆိပ်ပြားကို ဂျေရုဆလင်မြို့ဟောင်း အနောက်ဘက်တံတိုင်း အနီးကနေ တူးဖော်ရရှိခဲ့တာ ဖြစ်ပါတယ်။ စည်းတံဆပ်ပြားဟာ အကြွေစေ့ငယ် အရွယ်အစားရှိပြီး မျက်နှာချင်းဆိုင် မတ်တပ်ရပ်နေတဲ့ လူနှစ်ဦးပုံ ရိုက်နှိပ်ထားပါတယ်။ လူနှစ်ယောက်ဟာ ဒူးအထိအရှည်ရှိတဲ့ ဝတ်ရုံကို ဝတ်ဆင်ထားတာလည်း ဖြစ်ပါတယ်။ ဘုရင်ကခန့်အပ်တဲ့ ရာထူးဖြစ်တဲ့ ဂျေရုဆလင်မြို့တော်ဝန်နဲ့ ပတ်သက်ပြီး သမ္မာကျမ်းစာထဲမှာ ၂ ကြိမ် ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up