Homeသတင်းဓာတ်ပုံ
နိုင်ငံရေးအကျဉ်းသားဟောင်း recycle အနုပညာရှင်ကိုစန်းဇော်ထွေး၏ ဈာပန (ဓာတ်ပုံ)
နိုင်ငံရေးအကျဉ်းသားဟောင်း recycle အနုပညာရှင်ကိုစန်းဇော်ထွေး၏ ဈာပန (ဓာတ်ပုံ)
DVB
·
January 2, 2018
အကျဉ်းထောင်ထဲမှာ ၁၃ နှစ်ကျော်နေထိုင်ခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း recycle အနုပညာရှင် ကိုစန်းဇော်ထွေးရဲ့ ဈာပန အခမ်းအနားကို ဇန်နဝါရီ ၂ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
အကျဉ်းထောင်ထဲမှာ နှစ်ရှည်လများနေထိုင်ခဲ့ရပြီး ကင်ဆာဝေဒနာကြောင့် ၂၀၁၇ ခု ဒီဇင်ဘာ ၃၁ ရက်နေ့က ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။
ကိုစန်းဇော်ထွေးဟာ အကျဉ်းထောင်ထဲမှာရော အကျဉ်းထောင်ပြင်ပမှာပါ ကဗျာတွေ၊ ပန်းချီပေါင်းများစွာ ဖန်တီးခဲ့သူတဦးဖြစ်ပါတယ်။
ကိုစန်းဇော်ထွေးဟာ ၁၉၉၉ ခုနှစ်မှာ အကျဉ်းကျခံခဲ့ရတာ ဖြစ်ပြီး၊ ၂၀၁၃ ခုမှာ အကျဉ်းထောင်ထဲကနေ ပြန်လည်လွတ်မြောက်လာခဲ့ကာ ထောင်က လွတ်ပြီး ၅နှစ်အကြာမှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။
ကိုစန်းဇော်ဌေးရဲ့ နောက်ဆုံးခရီးမှာ နိုင်ငံရေးအသိုင်းဝိုင်း၊ အနုပညာအသိုင်းဝိုင်းနဲ့ ပရဟိတ အသိုင်းအဝိုင်းက မိတ်ဆွေတွေ လိုက်ပါပို့ဆောင်ခဲ့ပါတယ်။