Home
မြန်မာသတင်း
အချိန်အခါမဟုတ် မိုးရွာနိုင်
DVB
·
January 2, 2018
  ကရင်၊ မွန်ပြည်နယ်၊  တနင်္သာရီတိုင်းတို့ကလွဲပြီး တနိုင်ငံလုံးမှာ မနက်ဖြန်အထိ အချိန်အခါမဟုတ် မိုးရွာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာအနှံ့အပြား၊ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့  ချင်းပြည်နယ်တို့မှာ နေရာစိပ်စိပ်၊ နေပြည်တော်၊ ကချင်နဲ့ ကယားပြည်နယ်တို့မှာ နေရာကျဲကျဲ၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းတို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာမှာ ဖြစ်ပြီး ရွာရန်ရာနှုန်း ၈၀ လို့ ဆိုပါတယ်။ နောက် ၂ ရက်အထိမှာလည်း နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်သေးတယ်လို့ ခန့်မှန်းထုတ်ပြန် ထားပါတယ်။ အချိန်အခါမဟုတ်မိုးရွာသွန်းနေပြီး လေပြင်းတိုက်ခတ်တာ၊ မြူထူဆိုင်းတာတွေ ဖြစ်ပေါ်နိုင်လို့ လေကြောင်းရေကြောင်း ခရီးစဉ်တွေ သတိထားကြဖို့  မိုးလေ၀သဌာနက ဒုတိယ ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောထားပါတယ်။ ဘင်္ဂလားပင်လယ်အော်က လေနွေးတွေနဲ့ နိုင်ငံမြောက်ပိုင်းက လေအေးတွေစုဆုံပြီး ဒေသ အတော်များများမှာ အချိန်အခါမဟုတ်မိုး ရွာသွန်းနေတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024