Home
မြန်မာသတင်း
ရွှေတိဂုံစေတီတော်အနေကဇာတင်ပွဲ တက်ရောက်သံဃာများနှင့် ကူညီခဲ့သူများကို မော်ကွန်းကမ္ဗည်း စိုက်ထူမည်
DVB
·
January 2, 2018
  ရွှေတိဂုံစေတီတော် အနေကဇာတင်လှူပွဲကို တက်ရောက်ခဲ့တဲ့ သံဃာတော်တွေနဲ့ ပါဝင်ကူညီခဲ့သူတွေကို မော်ကွန်းကမ္ဗည်း စိုက်ထူထားမယ်လို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်က ပြောပါတယ်။ သံဃာတော်တွေရဲ့ ဘွဲ့နာမည်၊ ကျောင်းတိုက်တွေအပါအဝင် အလှူမှာပါဝင်ကူညီခဲ့သူတွေ ကို စာအုပ်နဲ့ မှတ်တမ်းပြုစုထားမယ့်အပြင် ကျောက်စာတိုင်စိုက်ထူဦးမယ်လို့ ပြောတာပါ။ “ရွှေတိဂုံစေတီတော်ကြီးရဲ့ တောင်ဘက်မုခ်မှာ ဇန်နဝါရီ တရက်နေ့၊ မနေ့ကပေါ့နော် ကျင်းပ ဆောင်ရွက်နိုင်ခဲ့တဲ့ပွဲကို ကမ္ဗည်းကျောက်စာတိုင်တခုစိုက်ထူဖို့ အစီအစဉ်ရှိပါတယ်။ ဓာတ်လှေကားရဲ့ ဘေး၊ ကျောက်စာတိုင်ကြီးရဲ့ဘေးမှာ စိုက်ထူဖို့ စတင်ပြင်ဆင်စဉ်ကတည်းက ပြင်ဆင်ထားတာ ရှိပါတယ်။ ဒီအစီအစဉ် ကိုလည်းဆက်လက်ဆောင်ရွက်သွားမယ်ဆိုတဲ့ အခြေအနေကိုလည်း အသိပေးအပ်ပါတယ်။ ဆရာတော်တို့ကိုလည်း လျှောက်ထားအပ်ပါတယ်” လို့ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကပြောပါတယ်။ နောက်ဆုံးအပြီးချုပ်ငွေစာရင်းရှင်းတမ်းကိုလည်း မှတ်တမ်းစာအုပ်မှာ ထည့်သွင်းဖော်ပြ မယ်လို့ ဆိုပါတယ်။ ပိုငွေတွေကိုတော့ ရွှေတိဂုံစေတီတော်မြတ်ကြီး ဗုဒ္ဓါဘိသေက အနေကဇာတင်မင်္ဂလာ နဲ့ ပင့်သံဃာတော်အပါး ၁၈၀၀၀ ကို ဆွမ်းဆန်စိမ်းလောင်းတဲ့ မင်္ဂလာ မှတ်တမ်းစာအုပ် ထုတ်တာနဲ့ ရွှေတိဂုံစေတီတော်မှာ ပိဋကတ်သုံးပုံကို ကျောက်စာမှတ်တမ်းထား ရှိနိုင်ဖို့ ကြိုးပမ်းသွားမယ်လို့လည်း ဦးဖြိုးမင်းသိန်းက ပြောပါတယ်။ မနေ့က ကျင်းပတဲ့ပွဲမှာ လိုအပ်ချက်နဲ့ လစ်ဟာတာတွေ ရှိရင်လည်း အခက်အခဲ ဖြစ်ခဲ့သူတွေကိုလည်း သူက တောင်းပန်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024