A d v e r t i s e m e n t With Us

ဆမ်ဆောင်းစမတ်ဖုန်း ဈေးကွက်ဝေစု ၂၀ ရာခိုင်နှုန်းအောက် လျော့ကျဖွယ်ရှိ

ကမ္ဘာကျော် ဆမ်ဆောင်းစမတ်ဖုန်းကုမ္ပဏီရဲ့ ၂၀၁၈ ခုနှစ် ဈေးကွက်ဝေစုဟာ ၂၀ ရာခိုင်နှုန်းအောက်ထိ လျော့ကျသွားဖွယ်ရှိတယ်လို့ ဆိုးလ်အခြေစိုက် ဈေးကွက်သုတေသနကုမ္ပဏီဖြစ်တဲ့ မဟာဗျူဟာလေ့လာသုံးသပ်ရေး ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ၂၀၁၇ ခုနှစ်မှာ တကမ္ဘာလုံး အတိုင်းအတာနဲ့  ဆမ်ဆောင်း စမတ်ဖုန်းအလုံးရေ သန်း ၃၂၀ ရောင်းချခဲ့ရပါတယ်။ အဲဒီပမာဏဟာ စမတ်ဖုန်းဈေးကွက်ရဲ့ ၂၀ ဒသမ ၅ ရာခိုင်နှုန်း ရှိပါတယ်။ ဒါပေမယ့် ၂၀၁၈ ခုနှစ်အတွက် ဆမ်ဆောင်းစမတ်ဖုန်းအလုံးရေ ၃၁၅ သန်း ရောင်းချရဖွယ်ရှိပြီး ဈေးကွက်ဝေစု ၁၉ ဒသမ ၂ ရာခိုင်နှုန်းသာ ရရှိဖွယ်ရှိတယ်လို့ အဆိုပါ ဈေးကွက်သုတေသနကုမ္ပဏီက ခန့်မှန်းထားပါတယ်။ စမတ်ဖုန်းဈေးကွက်မှာ အပြိုင်အဆိုင် ပြင်းထန်လာတာဟာ ဆမ်ဆောင်းဈေးကွက်ဝေစု ကျဆင်းနိုင်တဲ့ အကြေင်းရင်းတခု ဖြစ်ပါတယ်။ ကမ္ဘာ့ အဆင့်မြင့်ဟန်းဆက်ဈေးကွက်မှာ အက်ပဲလ်လိုကုမ္ပဏီတွေက ဖိအားပေးနေသလို အလယ်အလတ်အဆင့်နဲ့ အဆင့်နိမ့် ဟန်းဆက်ဈေးကွက်မှာလည်း တရုတ်ကုမ္ပဏီတွေ ကြီးထွားလာတာကြောင့် ဆမ်ဆောင်းအနေနဲ့ အရင်ထက်ပိုပြီး ကြားညှပ်ခံနေရပါတယ်။ ဆမ်ဆောင်းကုမ္ပဏီကထုတ်တဲ့ ဂလက်စီ နုတ် ၇ (Galaxy Note 7) ဟန်းဆက်မှာ တပ်ဆင်ထားတဲ့ ဘက်ထရီဟာ ပေါက်ကွဲစေတတ်တာကြောင့် ဟန်းဆက်တွေကို ပြန်လည်သိမ်းယူခဲ့ရစဉ် ၂၀၁၆ ခုနှစ်ကလည်း ဈေးကွက်ဝေစု လျော့ကျသွားခဲ့သေးတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up