ပရီးမီးယားလိဂ်ပွဲစဉ်ဇယားကို ဂွါဒီယိုလာ ဝေဖန်
ပရီးမီးယားလိဂ်ပွဲစဉ်ဇယားက ကစားသမားတွေအတွက် ဒုက္ခဖြစ်စေတယ်လို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာက ဝေဖန်လိုက်ပါတယ်။
ပရီးမီးယားလိဂ်ကလပ်အသင်းတွေ အနေနဲ့ ခရစ္စမတ်ကာလနဲ့ နယူးရီးယား ကာလတွေမှာ ၁၁ ရက်အတွင်း ၄ ပွဲလောက် ကစားရတာကြောင့် ပွဲပန်းမှုဖြစ်စေပြီး ကစားသမားတွေ ဒုက္ခရောက်စေတယ်လို့ ဂွါဒီယိုလာက ပြောဆိုခဲ့တာပါ။
စပိန်နဲ့ ဂျာမနီလိဂ်ပြိုင်ပွဲတွေနဲ့ မတူဘဲ ပရီးမီးယားလိဂ်မှာ ပွဲတွေ ဆက်တိုက်ကစားတာဟာ အင်္ဂလန်ရဲ့ ဓလေ့ထုံးစံအရ လက်ခံနိုင်ပေမယ့် ကစားသမားတွေအတွက်တော့ နည်းစနစ်ပိုင်းအရရော ကြံ့ခိုင်မှုပိုင်းအရပါ မကောင်းဘူးလို့ ဂွါဒီယိုလာက ဆိုပါတယ်။
မန်စီးတီးအသင်းဟာ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ သရေကျပြီးနောက် နိုင်ပွဲဆက်စံချိန် ရပ်တန့်သွားတဲ့အပြင် ကွင်းလယ်လူ ဒီဘရိုင်းနဲ့ တိုက်စစ်မှူး ဂျီးဆပ်စ်တို့ ဒဏ်ရာရခဲ့တာကြောင့် လာမယ့်ပွဲတွေမှာ အခက်တွေ့နိုင်ပါတယ်။
ပရီးမီးယားလိဂ်ရဲ့ ခရစ္စမတ်ပွဲကျပ်ကာလကို နှစ်သက်မှုမရှိပေမယ့် ဒါကိုပြောင်းလဲပေးဖို့ တောင်းဆိုမှာတော့ မဟုတ်ဘူးလို့လည်း ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။