ကေအိုင်အိုခေါင်းဆောင်ပိုင်း အပြောင်းအလဲပြုလုပ်
ရွှေအောင်
·
January 2, 2018
ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ဥက္ကဋ္ဌ တာဝန်အပ်နှင်းခြင်းအခမ်းအနားကို ဇန်န၀ါရီ ၂ရက် ဒီနေ့မနက်က ကေအိုင်အိုဗဟိုဌာနချုပ်ရှိရာ လိုင်ဇာမြို့မှာကျင်းပခဲ့ပြီး ဗိုလ်ချုပ်ကြီး အင်ဘန်လက ဥက္ကဋ္ဌသစ် ဖြစ်လာပါတယ်။
အသက် ၈၀ ၀န်းကျင်ရှိပြီဖြစ်တဲ့ ဥက္ကဋ္ဌ ဦးလညော်ဇောင်းဟရားဟာ ကျန်းမာရေးအရ ရာထူးက အနားယူသွားတာ ဖြစ်တယ်လို့ ကေအိုင်အိုပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘိုက ပြောပါတယ်။
“ဥက္ကဋ္ဌကြီးက ကျန်းမာရေးအခြေအနေကြည့်ပြီးမှ လွှဲပြောင်းပေးလိုက်တာပါ။ မူပိုင်းဆိုင်ရာတွေလည်း ဘာမှ အပြောင်းအလဲ မရှိပါဘူး။ ကေအိုင်အိုရဲ့ နိုင်ငံရေးပေါ်လစီ၊ စည်းရုံးရေးပေါ်လစီတွေ ဘာမှ ပြောင်းလဲတာ မရှိပါဘူး၊”
ဗိုလ်ချုပ်ကြီး အင်ဘန်လဟာ ကေအိုင်အိုရဲ့ ၆ ဦးမြောက် ဥက္ကဋ္ဌ ဖြစ်လာပြီး ဒုဥက္ကဋ္ဌနဲ့ စစ်ဦးစီးချုပ်အဖြစ် ဒုဗိုလ်ချုပ်ကြီး ဂမ်ရှာင် ဖြစ်လာပါတယ်။
ဗိုလ်မှူးချုပ်ဆွမ်လွတ်ဂမ်က ကေအိုင်အိုရဲ့ ဒုဥက္ကဋ္ဌ ၂ ဖြစ်လာပြီး ဗိုလ်ချုပ်ဂွန်မော်ကတော့ ကေအိုင်စီ ကချင်လွတ်မြောက်ရေးကောင်စီရဲ့ ဒုဥက္ကဋ္ဌ ၁ ဖြစ်လာပါတယ်။
ဗိုလ်မှူးချုပ် ဆွမ်လွတ်ဂမ်က ကေအိုင်စီ ဒုဥက္ကဋ္ဌ ၂ ဖြစ်လာပြီး အခြားထိပ်ပိုင်းခေါင်းဆောင် ၅ဦး ရာထူးအပြောင်းအလဲ ဖြစ်ခဲ့ပါတယ်။
ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို)ဟာ အန်စီအေ တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်ဖြစ်မြောက်ရေးမှာ တောက်လျှောက်ပါဝင်ဆွေးနွေးခဲ့ပေမယ့် ခုချိန်အထိ စာချုပ်မှာ လက်မှတ်မထိုးသေးတဲ့ တပ်ဖွဲ့တခုဖြစ်ပါတယ်။
လတ်တလောမှာ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ဦးဆောင်တဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့မှာ ပါဝင်နေပြီး အန်စီအေ ပြင်ပလမ်း ဆက်လှမ်းနေတဲ့ တပ်ဖွဲ့လည်း ဖြစ်ပါတယ်။