A d v e r t i s e m e n t With Us

MPT ဆက်သွယ်ရေးတိုင်မှ ဘက်ထရီအိုးများ အခိုးခံရ

မိတ္ထီလာမြို့နယ် ဆပ်ပြာကျင်းအုပ်စု ကျောက်အိုးရွာအနီး ရန်ကုန်-မန္တလေး အမြန်လမ်းဘေးရှိ MPTဆက်သွယ်ရေးတိုင်မှာ အသုံပြုထားတဲ့ ဘက်ထရီအိုး အလုံး ၂၀ ခိုးယူခံရတဲ့အတွက် ဇန်နဝါရီ ၁ ရက်က အမှုလာဖွင့်တယ်လို့ အလယ်ရွာရဲစခန်း တာဝန်ကျရဲအရာရှိက ပြောပါတယ်။ ABCT ကုမ္ပဏီပိုင် တာဝါတိုင်အား MPT ဆက်သွယ်ရေးမှ ငှားရမ်း အသုံးပြုတာဖြစ်ပြီး တာဝါတိုင်မှာ ဆိုလာပြားကတဆင့် ဘက်ထရီအိုးတွေနဲ့ သိုလှောင်ကာ လျှပ်စစ်ဓာတ်အားပေးထားပါတယ်။ ၂၀၁၇ ဒီဇင်ဘာလ ၂၈ ရက်မှာ အဆက်အသွယ် ပြတ်တောက်သွားတယ်ဆိုတာ ရန်ကုန်ရုံးချုပ်က အကြောင်းကြားလို့ နေပြည်တော် ပန်းတင်ရွာမှာရှိတဲ့ ABCT ကုမ္ပဏီိက လာရောက် စစ်ဆေးရာမှာ တာဝါတိုင်မှာ တပ်ဆင်ထားတဲ့ 12V ဘက်ထရီအိုးအလုံး ၂၀ ပျောက်နေတာပါ။ ၂၀၁၈ ဇန်နဝါရီလ ၁ ရက်နေ့မှာ ဘက်ထရီအိုးတွေ ခိုးသွားသူကို အရေးယူပေးဖို့ အမှုလာဖွင့်ခဲ့တာလို့ ရဲမှတ်တမ်းအရ သိရပါ။ အလယ်ရွာရဲစခန်း အမှုစစ်အရာရှိက “အလျား အနံ အမြင့် ၈ လက်မ ပတ်လည် ရှိတဲ့ ဘက်ထရီအိုး အလုံး ၂၀ ပျောက်တယ်။ တလုံးကို ၃သိန်း တန်တယ် ပြောတယ်။ စုစုပေါင်းသိန်း ၆၀ ဖိုးပေါ့။ ခိုးသွားတဲ့သူကို ဖမ်းမိဖို့ စုံစမ်းနေတယ်"လို့ ပြောပါတယ်။ အလယ်ရွာရဲစခန်းမှာ စုံစမ်းနေဆဲ ဘက်ထရီခိုးယူသူကို ခိုးယူမှုရာဇသတ်ကြီးပုဒ်မ ၃၇၉ နဲ့ (ပ)၁/၂၀၁၈ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ သတင်း - မောင်မောင်လင်း(ဝမ်းတွင်း)

A d v e r t i s e m e n t With Us

More News
Up