လေတပ်ကာကွယ်ရေးဦးစီးချုပ်ပြောင်းလဲခန့်အပ်

  တပ်မတော်(လေ)ရဲ့ကာကွယ်ရေး ဦးစီးချုပ်ကို ပြောင်းလဲခန့်အပ်လိုက်တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။ သက်ပြည့်အငြိမ်းစားယူသွားတဲ့ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် ရဲ့ နေရာမှာ လေ-၁၉၂၅ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်ကို ကာကွယ်ရေးဦးစီးချုပ်(လေ) အဖြစ် ဒီနေ့မှာပဲ ခန့်အပ်တာဝန်ပေးတယ်လို့ ဆိုပါတယ်။ ဒီနေ့ မနက်ပိုင်းမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်တို့ဟာ နိုင်ငံတော်သမ္မတရုံးကို သွားရောက်ပြီး နိုင်ငံတော်သမ္မတ ဦးထင်ကျော်ကို ဂါရဝပြု တွေ့ဆုံခဲ့တယ်လို့လည်း ထုတ်ပြန်ပါတယ်။ ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up