သြစတြေးလျတွင် ရေပေါ်ဆင်းသက်နိုင်သည့်လေယာဉ် ပျက်ကျ၊ ၆ ဦးသေဆုံး

ဓာတ်ပုံ - Wiki Commons
2K
သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ရေပေါ်ဆင်းသက်နိုင်တဲ့ လေယာဉ် ပျက်ကျခဲ့ပြီး လူ ၆ ဦး သေဆုံးသွားခဲ့ပါတယ်။
နှစ်သစ်ကူးပွဲနေ့မှာ ရေပေါ်ဆင်းသက်နိုင်တဲ့ လေယာဉ်ကို မိနစ် ၂၀ လောက် အပျော်စီးရာက ဆစ်ဒနီမြို့မြောက်ဘက် ၂၅ မိုင်အကွာမှာရှိတဲ့ ကိုဝင်မြို့အနီး ရေပြင်ထဲကို ပျက်ကျသွားခဲ့တာပါ။
သေဆုံးသူတွေထဲမှာ ၅ ဦးဟာ ဗြိတိန်လူမျိုးတွေ ဖြစ်တယ်လို့ သြစတြေးလျအစိုးရ တာဝန်ရှိသူတွေက ဇန်နဝါရီ ၁ ရက်နေ့မှာ ပြောကြားပါတယ်။
လေယာဉ်အပျက်အစီး အပိုင်းအစတွေကို ရှာဖွေဖို့ သြစတြေးလျပို့ဆောင်ရေး လုံခြုံရေးဆိုင်ရာဗျူရိုနဲ့ ရဲတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်နေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။