A d v e r t i s e m e n t With Us

လမ်းဘေးလမ်း​လျှောက်​​နေသူအား ​နောက်​မှ ကားဖြင့်ဝင်​တိုက်​၍နေရာမှာပင် သေဆုံး

မ​ကွေးတိုင်း​ ​တောင်​တွင်းကြီးမြို့ ​ချောင်းနက်​-​နေပြည်​​တော်​ ကားလမ်းမှာ ဇန်နဝါရီ ၁ ရက်​​ ​နေ့လယ်​ ၁ နာရီခွဲလောက်က ကားလမ်း​ဘေးလမ်း​လျှောက်​​နေသူ တ​ဦးကို ကားတစီးက အ​နောက်​က ဝင်​​တိုက်​လို့ နေရာမှာပင် သေဆုံးခဲ့တယ်လို့ ဆတ်​သွားနယ်​​မြေရဲစခန်းက သိရပါတယ်​။ ​ချောင်းနက်​-​နေပြည်​​တော်​ကားလမ်း မိုင်​တိုင်​အမှတ်​ (၆၄/၃) သဲကျွန်း​ကျေးရွာနားမှာ ​ချောင်​နက်​ဘက်​မှ ​နေပြည်​​တော်​ဘက်​ကို ကင်​ပွန်း​တောင်​​ကျေးရွာ​နေသူ ​​နေဝင်း (၄၅ နှစ်)ဟာ လမ်းယာဘက်​အတိုင်း လမ်း​လျှောက်​လာစဉ်​ ယာဉ်​​မောင်း မျိုး​ဇော်​ဦး (၃၉ နှစ်)​မောင်းနှင်​လာတဲ့ Light Truck အဖြူ​ရောင်ယာဉ်​က  ​နောက်​ကနေပြီး ဝင်​​ရောက်​တိုက်​မိခဲ့တာပါ။ ယာဉ်တိုက်မှုနဲ့ ပတ်သက်ပြီး ယာဉ်​မဆင်​မခြင်​​မောင်းနှင်​သူ  မျိုး​ဇော်​ဦး (၃၉ နှစ်​) ကို ဥပ​ဒေအရအ​ရေးယူ​ပေးဖို့ တာဝန်​မှူး ဒုရဲအုပ်​ချစ်​စိုးမင်းက တရားလိုပြုလုပ်​တိုင်​တန်းတဲ့အတွက် ဆတ်​သွားနယ်​​မြေရဲစခန်း ဒုရဲအုပ်​​ ​ကျော်​ကိုသက်​က ရာဇသတ်​ကြီးပုဒ်​မ-၃၀၄(က)နဲ့ အမှု စစ်​​ဆေး​ဆောင်ရွက်နေပါတယ်။။ သတင်း - သားကြီး (​တောင်​တွင်းကြီး)

A d v e r t i s e m e n t With Us

More News
Up