Home
မြန်မာသတင်း
ရခိုင်​စည်​ပင်​ဝန်​ကြီး တာဝန်မှရပ်စဲရန် ရခိုင်​လွှတ်​​တော်​​ ဆုံးဖြတ်
DVB
·
January 2, 2018
  ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်ကို တာဝန်​ထမ်း​ဆောင်​ဖို့ မသင့်ဘူးလို့ ဒီက​နေ့ပြုလုပ်​တဲ့ ရခိုင်ပြည်နယ် လွှတ်တော် အရေးပေါ်အစည်းအဝေးမှာ မဲခွဲ ဆုံးဖြတ်လိုက်ပါတယ်။ ပြည်နယ်လွှတ်​တော် ဥက္ကဋ္ဌ အပါအဝင် မဲပေးသူ ​စုစုပေါင်း ၄၅ ယောက် ရှိပြီး ထောက်ခံမဲ ၃၇ မဲ၊ ကန့်ကွက်မဲ ၈ မဲ ရခဲ့ပါတယ်။ဒါကြောင့် ဆက်လက် တာဝန် ထမ်းဆောင်ဖို့ မသင့်​ဘူးလို့ ဆုံးဖြတ်ခဲ့တာပါ။ လွှတ်တော်က စွပ်စွဲချက်နဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ် ဝန်ကြီးချုပ်က ဆိုင်းငံပေးဖို့ တင်ပြထားပေမယ့် လွှတ်​​တော်​ကပယ်​ချခဲ့ပြီး သတ်​မှတ်​ရက်​အတိုင်း ဒီက​နေ့ လွှတ်တော် အရေးပေါ်အစည်းအဝေးမှာမဲခွဲ ဆုံးဖြတ်ခဲ့ကြတာပါ။ စည်​ပင်​သာယာ​ရေးဝန်​ကြီး ဦးမင်း​အောင်​က​တော့ အခုကိစ္စနဲ့ ပတ်​သတ်​လို့ သတင်းစာ ရှင်းလင်းပွဲတရပ်​ကို လုပ်မယ်ဆိုပေမယ့် ဘယ်​​တော့ လုပ်​မယ်ဆိုတာကို မပြောသွားပါဘူး။ စည်​ပင်​သာယာ​ရေးဝန်​ကြီး ဦးမင်း​အောင်​ကို ရခိုင်​ပြည်​နယ်​က ဈေး ၅​ ဈေး​ ဆောက်​လုပ်​မယ့် ကိစ္စအပါအဝင်​​ ဥ​ပ​ဒေအရ ပေးအပ်​ထားတဲ့ တာဝန်ကို ကျေပွန်အောင် မထမ်းဆောင်နိုင်ဘူးဆိုပြီး လွှတ်တော်က ဖွဲ့စည်းလိုက်တဲ့စစ်ဆေးရေးအဖွဲ့က စုံစမ်း စစ်ဆေးခဲ့တာပါ။ အခုလိုစစ်​​ဆေးချက်​​ပေါ်လွင်​တဲ့အတွက်​အ​ရေးယူခဲ့တာလည်းဖြစ်ပါတယ်​။ ဝန်​ကြီးတာဝန်​ကရပ်​ဆိုင်းလိုက်​​ပေမယ့် လွှတ်​​တော်​ကိုယ်​စားလှယ်​အဖြစ်​က​တော့ ဆက်​ရှိ​နေမှာ ဖြစ်​ပါတယ်​။ အခြေခံဥပဒေပုဒ်မ ၂၆၃၊ ပုဒ်မခွဲ (င) အရ ဒီဆုံးဖြတ်ချက်ကို နိုင်ငံတော် သမ္မတထံ တင်ပြပြီး  သမ္မတက ဒီဝန်ကြီးကို ရာထူးကရပ်စဲရမှာ ဖြစ်ပါတယ်။ အန်အယ်လ်ဒီအစိုးရလက်ထက်မှာ ပြည်နယ်ဝန်ကြီးတဦး စွတ်စွဲပြစ်တင်ခံရပြီး ရာထူးကရပ်စဲခံရမှာ ဒါ ပထမဆုံး ဖြစ်ပါတယ်။ သတင်း-ဝဏ္ဏခွာညို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024