Home
မြန်မာသတင်း
လွတ်လပ်ရေးအထိမ်းအမှတ် ရေးမြို့၌ ရိုးရာလှေသဘင်ပွဲတော်ကျင်းပ
DVB
·
January 2, 2018
  နှစ် ၇၀ ပြည့်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ ဇန်နဝါရီ ၂ ရက်နေ့ မနက်က မွန်ပြည်နယ် ရေးမြို့ ရှေးဟောင်းကျုံးတော်ကြီးမှာ မြန်မာ့ရိုးရာလှေသဘင်ပွဲတော်ကို စတင် ဖွင့်လှစ်ကျင်းပခဲ့ပါတယ်။ ဖွင့်ပွဲမှာ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်က မြန်မာ့ရိုးရာလှေသဘင် ဖြစ်လာပုံ သမိုင်းအကြောင်းကို ထည့်သွင်းပြောကြားပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အောင်ထွန်းခိုင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသွားခဲ့ပါတယ်။ မြန်မာ့ရိုးရာလှေသဘင်ပြိုင်ပွဲဝင် ၁၁ သင်းအနက် ပထမအုပ်စုပတ်လည်မှာ အမျိုးသား ၇ ဦးလှော်နဲ့ ပြိုင်ပွဲကို စတင်ယှဉ်ပြိုင်လှော်ခတ်သွားမယ်လို့ ကျင်းပရေး ကော်မတီကသိရပါတယ်။ လွတ်လပ်ရေးနေ့မှာ ဗိုလ်လုပွဲမှာ ပထမ ၇ သိန်း၊ ဒုတိယ ၅ သိန်း၊ တတိယဆုက ၃ သိန်း နဲ့ တခြားဆုတွေ ထပ်မံချီးမြှင့်ပေးသွားဖို့ သိရပါတယ်။ သတင်း - နေမျိုးထွဋ် (ရေး)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024