ဆစ်ဒနီမြို့ ကမ်းခြေတခုတွင် နှစ်သစ်ကူးပွဲကျင်းပစဉ် မီးရှူးမီးပန်း ပေါက်ကွဲမှုဖြစ် (ရုပ်သံ)

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့အနီးက ကမ်းခြေတခုမှာ ဒီဇင်ဘာ ၃၁ ရက် နှစ်သစ်ကူးပွဲ ကျင်းပရာမှာ မီးရှူးမီးပန်း မတော်တဆ ပေါက်ကွဲခဲ့တာကြောင့် လူ ၂ ဦး ဒဏ်ရာရရှိသွားပြီး ထောင်နဲ့ချီ ဘေးလွတ်ရာကို ကယ်ဆယ်ခဲ့ရပါတယ်။ မီးရှူးမီးပန်းထဲက ယမ်းတောင့်ပေါက်ကွဲခဲ့ပြီး ကုန်တင်သင်္ဘောတစင်းကို မီးလောင်ခဲ့တာပါ။ ဆစ်ဒနီမြို့ရဲ့ မြောက်ဘက် မိုင် ၄၀ အကွာမှာရှိတဲ့ တာရီဂယ်ကမ်းခြေက ကုန်တင်သင်္ဘောတစင်းပေါ်မှာ မီးရှူးမီးပန်းတွေ အပြင်းအထန် ပေါက်ကွဲနေတဲ့ ဗွီဒီယိုဖိုင်ကို လူမှုကွန်ရက်မီဒီယာမှာ လွှင့်တင်ခဲ့တာ တွေ့ရပါတယ်။ ထိခိုက်ဒဏ်ရာရခဲ့ပြီး ရေထဲကို ခုန်ချခဲ့တဲ့ ကုန်တင်သင်္ဘောပေါ်က လူ ၂ ဦးကို ဆေးရုံတင် ကုသခဲ့ရတယ်လို့ ဒေသခံမီဒီယာမှာ ဖော်ပြထားပါတယ်။ ကုန်တင်သင်္ဘောပေါ်မှာ ယမ်းတောင့်ပေါက်ကွဲရာကတဆင့် အဆင့်အဆင့် ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ဖွယ်ရှိတယ်လို့ နှစ်သစ်ကူးပွဲ စီစဉ်သူတွေက ဖေ့စ်ဘွတ်ခ် စာမျက်နှာ်မှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up