လသာမြို့နယ် မုတိုင်ဘုရားကျောင်းစတုတ္ထထပ်တွင်မီးလောင်
DVB
·
January 2, 2018
လသာမြို့နယ် မဟာဗန္ဓုလလမ်းနဲ့ ဗိုလ်ရွဲလမ်းရှိ မုတိုင်ဘုရားကျောင်း စတုတ္ထထပ်မှာ ဇန်နဝါရီလ ၁ ရက်နေ့ ညနေ ၄ နာရီက မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။
မီးလောင်ကျွမ်းမှုကို Level 2 အဆင့် သတ်မှတ်ခဲ့ပြီး တစ်နာရီလောက် မီးငြိမ်းသတ်ခဲ့ရပါတယ်။ မီးလောင်မှု ဖြစ်ပွားတဲ့ စတုတ္ထထပ်ဟာ လူနေထိုင်ခြင်းမရှိဘဲ မင်္ဂလာခန်းမအဖြစ် ငှားရမ်းဖို့ထားရှိတဲ့ အခန်းလို့ သိရပါတယ်။ ဒီမီးလောင်မှုကို လသာရဲစခန်းက အမှုဖွင့်စုံစမ်းစစ်ဆေးနေပြီး ဆုံးရှုံးမှုတန်ဖိုးကိုတော့ တွက်ချက်နေဆဲလို့ သိရပါတယ်။