Home
မြန်မာသတင်း
ဗန်းမောက်မြို့တွင် ရှမ်းနီရိုးရာ ကောက်ဦးဆွမ်းကပ်လှူပွဲနှင့် နှစ်သစ်ကူးပွဲတော် ကျင်းပ
DVB
·
January 2, 2018
26195713_1999598293589558_2910969467376982435_n
26169504_1999598436922877_345092201268940731_n
26167839_1999598133589574_8917847004759996935_n
26167684_1999598213589566_7654596506972851988_n
26167068_1999598513589536_5672412571676917705_n
26165409_1999598563589531_9152921206418443618_n
26112448_1999598086922912_1223308763427223298_n
26112440_1999598250256229_1775953592203354910_n
  စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့မှာ (၃) ကြိမ်မြောက် ရှမ်းနီရိုးရာ ကောက်ဦးဆွမ်းကပ်လှူပွဲနဲ့ နှစ်သစ်ကူး အထိမ်းအမှတ်ပွဲတော်ကို ဇန်နဝါရီ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ ဗန်းမောက်မြို့ မီတာ (၄၀၀) အားကစားကွင်းမှာ ကျင်းပပါတယ်။    ရှမ်းနီနှစ်သစ်ကူးပွဲတော်ကျင်းပရေးဦးစီး ကော်မတီအတွင်းရေးမှူး ဦးမင်းမင်းစိုးက “ရှမ်းနီ စာပေနဲ့ ယဉ်ကျေးမှုဟာ တိမ်ကောပျောက်ကွယ် လုမတတ်ဖြစ်နေပါပြီ ရှမ်းနီစာပေနဲ့ ယဉ်ကျေးမှု ထွန်းကားလာစေဖို့ ဒီပွဲတော်ကြီးကို ကျင်းပရတာ ဖြစ်ပါတယ်။ နှစ်စဉ်ကျင်းပနိုင်ဖို့ နိုင်ငံတော်မှ လိုအပ်တဲ့ အစီအမံတွေ အစီအစဉ်တွေ ဆောင်ရွက်ပေးရင် ပိုပြီးတော့အောင်မြင်နိုင်မှာ ဖြစ်တယ်”လို့ ပြောပါတယ်။ ရှမ်းနီနှစ်သစ်ကူးပွဲတော်ကျင်းပရေး ဦးစီးကော်မတီအဖွဲ့ဝင် ကိုခင်မောင်ဝင်းက “ရှမ်းနီပွဲတော်ကို ကျင်းပခြင်းအားဖြင့် ရှမ်းနီလူမျိုးတွေရဲ့ မျိုးချစ်စိတ်တွေ ထွက်ပေါ် လာအောင် ကိုယ်လူမျိုး တကယ်ရှိတယ်ဆိုတာ လက်ခံလာနိုင်အောင် ရည်ရွယ်လုပ်ဆောင်တာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။ ညပိုင်းတွေမှာ ဖျော်ဖြေရေးတွေ ရှမ်းနီ စာပေနဲ့ ယဉ်ကျေးမှုပြခန်းတွေ ကြည့်ရှုနိုင်အောင် စီစဉ်ဆောင် ရွက်ထားပြီး ပွဲတော်သို့ ဗန်းမောက်၊ ဟုမ္မလင်း၊ မိုးညှင်း၊ အင်းတော်ကြီး၊ မြစ်ကြီးနား၊ ဝိုင်းမော်၊ မန္တလေး တို့မှ ရှမ်းနီလူမျိုးတွေ ပါဝင်ဆင်နွှဲနေကြပါတယ်။ ဗန်းမောက်မြို့နယ်မှာ ရှမ်းနီ နှစ်သစ်ကူးပွဲတော်ကျင်းပခဲ့တာ (၃) ကြိမ်ရှိပြီဖြစ်ပါတယ်။ ပထမအကြိမ်က ပင်းခါးကျေးရွာမှာ ကျင်းပခဲ့ပြီး ဒုတိယအကြိမ်က မံအင်မန်းကျည်းကုန်းမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ကိုကိုလင်း(အင်းတော်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024