မန်စီးတီးတိုက်စစ်မှူး ဂျီးဆပ်စ် ဒဏ်ရာကြောင့် အနည်းဆုံးတလခန့် နားရမည်

ဓာတ်ပုံ - Getty Images
1.6K
မန်ချက်စတာစီးတီးအသင်း တိုက်စစ်မှူး ဂါဘရီရယ် ဂျီးဆပ်စ်ဟာ ဒဏ်ရာကြောင့် အနည်းဆုံး တလလောက် အနားယူရတော့မှာပါ။
အသက် ၂၀ အရွယ် မန်စီးတီးတိုက်စစ်မှူးဟာ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ဂိုးမရှိ သရေကျတဲ့ ပွဲစဉ်မှာ ဒူးဒဏ်ရာ ရခဲ့တာပါ။
မန်စီးတီးနည်းပြ ဂွါဒီယိုလာကတော့ ဂျီးဆပ်စ်ရဲ့ဒဏ်ရာက တလထက် နည်းနည်းပိုပြီး အနားယူရဖို့ ရှိတယ်လို့ ပြောပါတယ်။
ဘရာဇီးတိုက်စစ်မှူး ဂျီးဆပ်စ်ဟာ ဒီနှစ်ရာသီမှာ မန်စီးတီးအတွက် ခြေစွမ်းပြ ကစားပေးနေသူ ဖြစ်ပါတယ်။
အဲဒီပွဲစဉ်မှာ ကွင်းလယ်ကစားသမား ဒီဘရိုင်းလည်း ဒဏ်ရာရခဲ့ပါတယ်။
တိုက်စစ်မှူး ဂျီးဆပ်စ်ဟာ ပြီးခဲ့တဲ့နှစ်မှာ မန်စီးတီးကို ရောက်ရှိလာပြီး ၂၆ ပွဲမှာ ၁၅ ဂိုး သွင်းယူထားပါတယ်။ သူဟာ ဘရာဇီး လက်ရွေးစင်အသင်းအတွက်တော့ ၁၃ ပွဲမှာ ၈ ဂိုး သွင်းယူထားပါတယ်။