Home
မြန်မာသတင်း
အိမ်ခြံမြေ ဝင်ငွေခွန်နှုန်းထား လျှော့ချပြင်ဆင်သတ်မှတ်ပေးရန် တောင်းဆို
DVB
·
January 2, 2018
  ၂၀၁၄ခုနှစ် စက်တင်ဘာလနောက်ပိုင်းကစပြီး  ဒီနေ့အထိ  အိမ်ခြံမြေ အရောင်းအဝယ် ဈေးကွက် အေးနေလို့ အိမ်ခြံမြေ ဝင်ငွေခွန်နှုန်းထား လျှော့ချပြင်ဆင်သတ်မှတ်ပေးဖို့ မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှုအသင်းက တောင်းဆိုလိုက်ပါတယ်။ ဒီဇင်ဘာ  ၃၀ ရက်က ရန်ကုန်၊ ကုန်သည်စက်မှုအသင်းချုပ်မှာ လုပ်ခဲ့တဲ့ ဒုတိယ သမ္မတ ဦးမြင့်ဆွေနဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲမှာ အသင်းဥက္ကဋ္ဌ ဦးခင်မောင်သန်းက တင်ပြ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။  အိမ်ခြံမြေလုပ်ငန်းမှာ တဦးချင်းလုပ်ကိုင်နေသူများ အလုပ်မဖြစ်လို့  အလုပ်လက်မဲ့ ဖြစ်နေတယ်။ တခြားလုပ်ငန်းများ ပြောင်းရွှေ့လုပ်ကိုင်နေပြီး အချို့ကုမ္ပဏီများ အလုပ်ပိတ်သိမ်းကြလို့  အခက်အခဲများစွာ ကြုံတွေ့နေရတယ်လို့လည်း မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်းက တင်ပြခဲ့ပါတယ်။      အငှားဈေးနှုန်းတွေလည်းကျဆင်းပြီး အပေါင်ဈေးကွက်ပဲ အားကောင်းလာလို့  အိမ်ခြံမြေ ဝင်ငွေခွန်နှုန်းထားမြင့်မားမှုအခက်အခဲကို လျှော့ချပြင်ဆင်သတ်မှတ်ပေးဖို့ အသင်းက တောင်းဆိုတာ ဖြစ်ပါတယ်။ စီးပွားရေးမြို့တော်ရန်ကုန်မှာ ၂၀၁၄ခုနှစ်သန်းခေါင်စာရင်းအရ လူဦးရေ ၇ သန်းကျော် နေထိုင်ပြီး နေထိုင်ဖို့ အိမ်ရာလုံလောက်မှုမရှိသေးသလို အိမ်ငှားခဈေးနှုန်းတွေလည်း မတန်တဆ မြင့်တက်နေတုန်း ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024