ဂျပန်ဗုဒ္ဓဘာသာဘုရားကျောင်းများ၌ နှစ်ကူးဆုတောင်းသူများနှင့်စည်ကားနေ(ဓာတ်ပုံ)
ဇော်ဇော်လှိုင်
·
January 2, 2018
၂၀၁၈ နှစ် ဇန်န၀ါရီ ၁ ရက် နှစ်သစ်ကူးနေ့က ဂျပန်နိုင်ငံတ၀န်းရှိ ဗုဒ္ဓဘာသာ ဘုရားကျောင်းတွေမှာ နှစ်ကူးဆုတောင်းဝတ်ပြုသူတွေနဲ့ အထူးစည်ကားခဲ့ပါတယ်။
ဂျပန်ရောက် မြန်မာနိုင်ငံသားတွေကတော့ ခနဂ၀ ခရိုင်ယိုကိုဟားမား အနီး ကမာကူယ ဗုဒ္ဓရုပ်ထုတော်ဘုရားကြီးကို အများဆုံးသွားရောက် ဆုတောင်းဝတ်ပြုလေ့ရှိကြပါတယ်။