A d v e r t i s e m e n t With Us

ရေယာဉ်နစ်မြုပ်ပျောက်ဆုံးနေသည့် ဟိုင်းကြီးကျွန်းမှ ရေလုပ်သား ၅ ဦးသေဆုံးဖွယ်ရှိ  

  ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့ သီတာမွန် -၁ ကမ်းဝေးငါးဖမ်းရေယာဉ် နစ်မြုပ်မှုမှာ ပျောက်ဆုံးနေတဲ့  ရေလုပ်သား ၅ ဦး သေဆုံးသွားဖွယ်ရှိတယ်လို့ ဒီကနေ့ထုတ် နိုင်ငံပိုင် သတင်းစာမှာဖော်ပြပါတယ်။ နစ်မြုပ်ကမ်းဝေးငါးဖမ်းရေယာဉ် သီတာမွန်- ၁နဲ့ အတူ ပျောက်ဆုံးသူတွေကို ဒီဇင်ဘာ ၂၈ ရက်မှ ဇန်နဝါရီ ၁ ရက်အထိ ရှာဖွေရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ရာ ရေယာဉ်ပေါ်ပါ သုံးလက်မ မျောပိုက် အလက် ၁၅ဝ ခန့်သာ ပြန်လည်ရရှိခဲ့ပြီး ကျန်ပစ္စည်းတွေနဲ့ ပျောက်ဆုံးသူတွေကို ရှာဖွေမတွေ့ရှိတော့လို့ လက်လျှော့လိုက် ရကြောင်း  ရေယာဉ် ပိုင်ရှင် ဦးသာထွန်းရဲ့ ကိုယ်စားလှယ် ဦးလှထွေးရဲ့ပြောဆိုချက်ကိုကိုးကားပြီး သတင်းမှာဖော်ပြထားပါတယ်။ ပျောက်ဆုံးနေတဲ့ ရေလုပ် သား ၅ဦးကို ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့ အဖွဲ့က ဇန်နဝါရီ ၁ ရက်မှာ ပျောက်ဆုံးသူတွေ သေဆုံးသွားဖွယ်ရှိကြောင်း အတည်ပြုချက်အရ ရှာဖွေရေး ငါဖမ်းရေယာဉ် တစ်စင်းမှာ ဟိုင်းကြီးကျွန်းမြို့သို့ ပြန်လည်မောင်းနှင်လာနေပြီလို့ လည်းဆိုပါတယ်။ ပျောက်ဆုံးရေလုပ်သားတွေရဲ့ ကျန်ရစ်သူ မိသားစုတွေကို နစ်နာမှုအတွက် ထောက်ပံ့ပေးဖို့ စီစဉ်နေတယ်လို့သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up