A d v e r t i s e m e n t With Us

နာကျင်အချိန်ပိုသွင်းဂိုးဖြင့် ဘန်လေကို အနိုင်ယူသည့် လီဗာပူး (ရုပ်သံ)

ပရီးမီးယားလိဂ် ပွဲကျပ်ကာလမှာ လီဗာပူးအသင်းဟာ နိုင်ပွဲတွေ ဆက်တိုက် ရယူနိုင်ခဲ့ပါတယ်။ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၂ မှာလည်း လီဗာပူးအသင်းက နောက်ခံလူ ကလာဗန်ရဲ့ နာကျင်အချိန်ပို သွင်းဂိုးနဲ့ နိုင်ပွဲဆက်ခဲ့ပါတယ်။ လီဗာပူးအသင်းမှာ ဆာလက်၊ ကော်တင်ဟို၊ ဟန်ဒါဆန်တို့ ကြံ့ခိုင်မှု မပြည့်ဝတာကြောင့် မပါဝင်နိုင်ခဲ့ပါဘူး။ ဒါကြောင့် အိမ်ကွင်းမာတဲ့ ဘန်လေအသင်းကို ခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့ရပါတယ်။ လီဗာပူးအသင်း ပိုကောင်းတဲ့ကစားပုံ ပြသနိုင်ခဲ့ပေမယ့် တိုက်စစ်ပိုင်းကတော့ ဖန်တီးနိုင်မှု သိပ်မရှိခဲ့ပါဘူး။ ဒါကြောင့် ပထမပိုင်းမှာ ဘန်လေခံစစ်ကို မကျော်နိုင်ခဲ့ဘဲ ၆၁ မိနစ်မှာမှ မာနေက ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ၈၇ မိနစ်မှာ ဂူမန်ဆန်က ချေပဂိုး ပြန်သွင်းခဲ့တာကြောင့် အမှတ်ခွဲယူရမယ့် အနေအထား ဖြစ်ခဲ့ပေမယ့် နာကျင်အချိန်ပိုမှာ လီဗာပူးနောက်ခံလူ ကလာဗန်က အဖိုးတန် အနိုင်ဂိုး သွင်းယူပေးခဲ့တာကြောင့် လီဗာပူးအသင်း ပရီးမီးယားလိဂ်မှာ ၃ ပွဲဆက် အနိုင်ရရှိခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up